Saturday, 31 July 2010

နတ်နဲ့ဗေဒင် မန္တန်တွေကို ဘာကြောင့် လူတွေ စွဲလမ်းယုံကြည်ကြသလဲ ?

ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ ဘုရားဟာ အခြားဘာသာတွေရဲ့ ဘုရားတွေလို ကယ်တင်မှု မစမှုမရှိဘူး။ အမှန်တရားကိုသာ ညွှန်ပြတော်မှုနိုင်တယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ရတယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးရမယ်လို့ ဗုဒ္ဓက ဟောတယ်။


လူတွေဟာ မရသေးတဲ့ရာထူးဂုဏ်သိန် စည်းစိမ်ကိုရချင်တယ်။ ရပြီးသား ရာထူးစည်းစိမ်တွေ ဆုံးရှုံးပျောက်ပျက်သွားမှာ စိုးရိမ်တယ်။ ကြောက်တယ်။ ဒီလိုချင်တဲ့ စိတ်နဲ့ ကြောက်စိတ်ကို နတ်တွေ ဗေဒင်အင်းအိုင် မန္တန်တွေကသာ လက်ငင်းဒိဌကူညီမစနိုင်တယ်လို့ ယုံကြည်ကြတယ်။ အဲဒီလို လောလောဆယ် လောကီကောင်းကျိုးတွေရဖို့အတွက် နတ်၊ ဗေဒင်၊ အင်းအိုင် မန္တန်တွေကို ယုံကြည်အားကိုးနေကြခြင်းဖြစ်တယ်။

No comments:

Post a Comment