Saturday, 31 July 2010

ဒီနေ့ မြန်မာတွေ ဟောပြော ယုံကြည်နေကြတဲ့ ဗေဒင်ဟာ ဟိန္ဒူဗြာဟ္မဏတွေရဲ့ ဗေဒင်(၄)ပုံနဲ့ တူပါသလား?

မတူပါဘူး၊ ဝေဒကျမ်း(၄)မျိုးရှိတဲ့ အနက် နောက်ဆုံးမှပေါ်လာတဲ့ အာထဗ္ဗဏဝေဒကျမ်းတစ်ကျမ်းနဲ့သာ တူပါတယ်။


အာထဗ္ဗဏဝေဒကျမ်းမှာ စုန်း တစ္ဆေ ကဝေ မှော် မယောဂအတတ်၊ ၀ိဇ္ဇာဇော်ဂျီတပသီတွေနဲ့ အင်းအိုင် ခါးလှည့် လက်ဖွဲ့အတတ်၊ မြေလျှိုးမိုးပျံတဲ့ ဂန္ဓာအတတ်တွေ ပါတယ်။ ဒီနောက်ဆုံး အာထဗ္ဗဏဝေဒကြောင့် ဘာသာရေးသက်သက်ဖြစ်ပြီး မွန်မြတ်တဲ့ အခြေားဝေဒသုံးကျမ်းရဲ့ ဂုဏ်သိက္ခာပါ ကျဆင်းခဲ့ရတယ်။


ဒါကြောင့် အချို့ ဗြာဟ္မဏဆရာကြီးတွေက နောက်ဆုံး အာထဗ္ဗဏဝေဒကို မလေ့လာကြဘူး။ ပိဋကသုံးပုံသာရှိသလို ဗေဒင်ဟာလဲ သုံးကျမ်းပဲလို့ အသိအမှတ်ပြုကြတယ်။ ရှေ့ပိုင်းဗေဒင်သုံးကျမ်း ဟာလဲ ဟိန္ဒူဗြာဟ္မဏ ဘာသာရေးဆိုင်ရာ ၀တ်ပြုကိုးကွယ်မှု ပူဇော်ပသမှုတွေကိုပြတဲ့ ကျမ်းတွေဖြစ်ပါ တယ်။


ယနေ့ မြန်မာပြည်မှာ ဟောနေတဲ့ ဗေဒင်မျိုး မဟုတ်ပါဘူး။

No comments:

Post a Comment