မှားတာရှိသလို မှန်တာလဲ ရှိပါတယ်။ သိဒ္ဓတ္ထမင်းသားဟာ ဘုရားစင်စစ်ဖြစ်မယ်လို့ ဗေဒင်ပညာနဲ့ ဟောခဲ့တယ်။ ပုဏ္ဏားအချို့ဟာ ဘုရားရှင်ရဲ့ လက္ခဏာတော်ကို မြင်တာနဲ့ ဘုရားပဲလို့ အတတ်သိပြီး ပူဇော်ကြတာလဲ ရှိပါတယ်။ အခြားမန္တန်ဗေဒင်နဲ့ပတ်သက်ပြီး ဟောထားတဲ့ ပိဋကပါဠိတွေ ဇာတ်ဝတ္ထုတွေလဲ ရှိပါတယ်။ မြေလျှိုမိုးပျံနိုင်တဲ့ ဂန္ဓာရီအတတ်နဲ့ လွဲမှားမှာ စိုးလို့ ရဟန်းတွေတန်ခိုးက္ကုဒ္ဓိပါတ်မပြရဘူးလို့ ဘုရားရှင်ပညတ်ခဲ့တယ်။
ဒါပေမယ့် လူတွေရဲ့ အသိဥာဏ်ခေါင်းပါးမှု၊ ယုံလွယ်တတ်မှု၊ ရာထူးဂုဏ်သိန်၊ လာဘ်လာဘရလိုမှုတွေ ကို အခွင့်ကောင်းယူပြီး ဗေဒင်မန္တန်အတတ်တွေကို တကယ်တတ်မြောက်အောင် မသင်ပဲ လိမ်ညာ ဖြီးဖြန်း စားသောက်နေသူတွေ များကြတဲ့အတွက် သိပ္ပံခေတ်လူငယ်တွေက ဗေဒင်မန္တန်တွေကို အယုံအကြည် နည်းပါးလာခြင်း ဖြစ်ပါတယ်။
No comments:
Post a Comment