Saturday, 31 July 2010

မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဟာ ထေရ၀ါဒဘာသာ စစ်တယ်လို့ ဆိုနိုင်ပါသလား ?

ဒီမေးခွန်းရဲ့ အဖြေတိကျမှုအတွက် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာနဲ့ မြန်မာတွေရဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှစ်ခု ကိုခွဲခြား ဖြေဆိုပေးရမယ်။ မြန်မာနိုင်ငံ ဗုဒ္ဒ္ဓသာသနာကတော့ တောင်ပိုင်း ထေရ၀ါဒ ဗုဒ္ဓသာသနာအစစ် ဖြစ်တယ်။ သံဃာတွေဟာလဲ ထေရ၀ါဒဂိုဏ်းဝင် သံဃာတွေသာ ဖြစ်တယ်။


မြန်မာတွေရဲ့ ယဉ်ကျေးမှုပုံစံကတော့ ထေရ၀ါဒ ယဉ်ကျေးမှု မဟာနယဂိုဏ်းခွဲဖြစ်တဲ့ တိဗက်တန္တရယာန ဟိန္ဒူ ဗြာဟ္မ၀ါဒ၊ ကမ္ဘာဦး နတ်ကိုးကွယ်မှုနဲ့ မြန်မာတို့ရဲ့ ကိုယ်ပိုင်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွေကို ရောမွှေထားတဲ့ ညွှန့်ပေါင်းယဉ်ကျေးမှုသာ ဖြစ်တယ်။


ဘာသာယဉ်ကျေးမှုတစ်ခုဟာ ဒေသ ကာလ အလိုက်ပြောင်းလဲသွားရတာ မှုလအခြေခံရှိနှင့်ပြီးတဲ့ ယဉ်ကျေးမှု အဟောင်းတွေနဲ့ပူးပေါင်း ရောယှက် သွားရတာဟာ ဓမ္မတာပါပဲ။ အခြားယဉ်ကျေးမှုဆိုင်ရာတွေဟာ ဘယ်လိုရောယှက်နေနေ ဘာသာရေးတရားဆိုင်ရာ ကျင့်ကြံမှုတွေကတော့ ထေရ၀ါဒပိဋကတ်တော်တွေပေါ်မှာ လုံးဝအခြေခံထားတဲ့အတွက် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်တယ်လို့ ဆိုနိုင်ပါတယ်။

No comments:

Post a Comment