Monday, 26 July 2010

ဗုဒ္ဓဘာသာဟာ အိန္ဒိယပြည်နဲ့ ကမ္ဘာကို ဘယ်လိုပျံ့နှံ့သွားသလဲ ?

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်နဲ့ သံဃာတော်တွေဟာ ဂင်္ဂါမြစ်ဝှမ်း တစ်ဝိုက်ရှိ အင်္ဂတိုင်း၊ မာဂဓတိုင်း၊ ကောသလတိုင်းစတဲ့ တိုင်းကြီး တစ်ဆယ့်ခြောက်တိုင်း အတွင်းမှာသာ ဗုဒ္ဓသာသနာကို ဖြန့်ဖြူးနိုင်ခဲ့တယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့နောက် ရှင်မဟာကဿပစတဲ့ ရဟန္တာ မထေရ်မြတ်ကြီးတွက ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်တွေကို ၀ိနယတစ်စု၊ သုတ္တန္တတစ်စု၊ အဘိဓမ္မာတစ်စု၊ သုံးစုခွဲပြီး စုပေါင်းရွတ်ဆို၊ သံဂါယနာတင်ပွဲကြီး ကျင်းပတယ်။

ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး မကြာမီ ရာဇဂြိုလ်ပြည်မှာ ပထမသံဂါယနာ၊ နောက်နှစ်ပေါင်း ၁၀၀-အကြာ ဝေသာလီပြည်မှာ ဒုတိယသံဂါယနာထင်ခဲ့တယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၃၀၀-အကြာ ပါဋိလိပုတ်ပြည်မှာ တတိယအကြိမ် စုပေါင်းရွတ်ဆိုမှုသံဂါယနာတင်ပွဲကြီးကို ကျင်းပခဲ့တယ်။ အဲဒီတတိယ သံဂါယနာတင်ပွဲကြီးကို ချီးမြှောက်ထောက်ပံ့တဲ့ အာသောကမင်းတရားကြီးဟာ အိန္ဒိယပြည် တစ်ပြည်လုံးကို ကျယ်ကျယ်ဝန်းဝန်း အုပ်စိုးနိုင်တဲ့အတွက် ဗုဒ္ဓဘာသာ အိန္ဒိယပြည် တစ်ပြည်လုံးကို ပျံ့နှံ့သွားခဲ့တယ်။

အဲဒီ သံဂါယနာတင်ပွဲအပြီးမှာ သာသနာတော် ပြန့်ပွာရေး အရှည်တည်တံ့ရေးအတွက် သာသနာတော် မရောက်သေးတဲ့ ကိုးတိုင်း ကိုးဌာနကိုထဲမှာ သာသနာကွယ်သွားတဲ့အခါ ဗုဒ္ဓဘာသာပင်ရင်း ခေါင်းဆောင်နိုင်ငံတွေ ဖြစ်လာတယ်။ အိန္ဒယမှာ နှစ်ပေါင်း ၁၅၀၀-လောက် ဗုဒ္ဓဘာသာထွန်းကားခဲ့ပြီး ၁၂-ရာစု အေဒီလောက်ရောက်တော့ ဗုဒ္ဓသာသနာဟာ ပင်ရင်း အိန္ဒိယမှာ လုံးဝကွယ်သွားခဲ့တယ်။

No comments:

Post a Comment