Friday, 23 July 2010

ကိုယ်ရင်လေးတွေကို ဘယ်လို ကြည်ညိုရမလဲ ?

ကိုရင်လေးတွေဟာ အသက်အရွယ် ငယ်တဲ့အတွက် မသိမ်မွေ့ဘူးကလေးဖြစ်တော့ ကလေးသဘာဝမပျောက်ဘူး။ ဒါကြောင့် အချို့က ကိုရင်လေးတွေကို မကြည်ညိုကြဘူး။ ကိုရင်လေးတွေတွေ့ရင် တို့ဟာတစ်လမှာ ဥပုသ် ၄-ရက်တောင် မှန်မှန်မစောင့်နိုင်ဘူး။ ဒီကိုရင်လေးတွေဟာ ၁၀ ပါးသီလ နေ့စဉ်လုံအောင် ထိန်းနေကြတယ်။ သေခိယသိက္ခာပုဒ် ၇၅-ပါး နဲ့ ညီညွတ်အောင် နေထိုင်စားသောက်ကျင့်ကြံကြရတယ်။ တို့လေးစားနေတဲ့ ဆရာတော်တွေဟာလဲ ဒီလို ကိုရင်လေးဘ၀က ကြီးလာရပြီး အကျင့်သီလ ကောင်းလာကြရတယ်။ ဒီကိုရင်လေးဟာလဲ တစ်နေ့မှာ ဆရာတော်ကြီးဖြစ်မယ့် သာသနာမျိုးစေ့ကလေးတွေပဲ ဖြစ်တယ်။ ဒီကိုရင်လေးတွေသာမရှိရင် ဒီနေ့ ဆရာတောကြီးတွေ ပျံတော်မှုသွားရင် သာသနာတော် အဆက်ပြတ်သွားတော့မယ်။ သာသနာမပြတ်အောင် ဆက်ထိန်းသွားမယ့် သာသနာ့အမွေခံလေးတွေ ဖြစ်တယ်လို့ နောင်တစ်ချိန်မှာ ဖြစ်လာမယ့် ဆရာတော်ကြီးဘ၀ကို မျှော်မှန်းပြီး ကြည်ညိုနှိုင်ရမယ်။ ကိုရင်လေးတွေ သာသနာ့ဘောင်မှာ ပျော်အောင် အားပေးထောက်ပံ့ ချီးမြှင့်ကြရမယ်။


ရှေးလူတွေ စိုက်ခဲ့တဲ့ အပင်က အသီးတွေကို ယခုစားနေကြတယ်။ နောက်လူတွေ စားဖို့လဲ ကိုယ်ကစိုက်ပျိုးခဲ့ရမယ်။ ရှေးလူတွေ ချီးမြှောက်ထောက်ပံ့ခဲ့တဲ့ ဆရာတော်ကြိးတွေကိုလဲ ကြည်ညိုလေးစား ကိုးကွယ်သလို နောက် သားစဉ်မြေးဆက် ကိုးကွယ်ဆည်းကပ်ဖို့ သာသနာ့အညွှန့်အညှောက်ကလေးတွေကိုလဲ ချီးမြှောက်ထောက်ပံ့ရမယ်လို့ သဘောထားပြီး ကြည်ညိုနိုင်ရမယ်။ ကိုရင်လေးတွေ ဆော့နေပေမယ့် သူတို့သင်အံ လေ့လာထားတဲ့ တရားတော်တွေကို ပူဇော်တဲ့အနေနဲ့ ရိုသေရှိခိုးကြရမှာဖြစ်တယ်။

No comments:

Post a Comment