Friday, 23 July 2010

အချို့သံဃာတော်တွေဟာ ၀ိနည်းတော်အတိုင်းမကျင့်ကြဘူး။ ဒီသံဃာတွေကို ဘယ်လိုသဘောထားရမလဲ ?


လူတွေဟာ လူ့ကျင့်ဝတ်တွေကို အကုန် မဖြည့်ဆည်းနိုင်သလို ရဟန်းတော်တွေဟာလဲ ပုထုဇဉ်ဖြစ်သည့်အလျောက် အချို့ အငယ်စား သိက္ခာပုဒ်တွေကို မလွဲမရှောင်သာ ကျူးလွန်မိကြတာပဲ၊ ကင်းခြေများဟာ ခြေတစ်ချောင်း နှစ်ချောင်း ကျိုးလို့ အသွားမပျက်သလို နှစ်ရာနှဟ်ဆယ့် ခုနှစ်သွယ်ထဲက တစ်ခု နှစ်ခုပျက်တာဟာ မပြောပလောက်ပါဘူး။ ရဟန္တာတွေတောင်မှ လောက အမြင်အရ အပြစ်မြင်နိုင်တဲ့ အာပတ်မျိုးသာ မသင့်တော့တာ ဘုရားရှင် ပညတ်ချက်အရ သင့်တဲ့ အာပတ်အပြစ်မျိုးတော့ ကျူးလွန်ကြသေးတာပဲလို့ နှလုံးသွင်းပြီး သူတို့ သန္တာန်မှာရှိတဲ့ ကျန်တဲ့ သိက္ခာပုဒ်တွေကို ရည်မှန်းပြီးကြည်ညိုကြရမယ်။ အနေအထိုင် အကျင့်သီလမှာ ကြည်ညိုစရာမရှိဘူး ဆိုတာတောင်မှ သူတို့ သင်အံလေ့ကျက်ထားတဲ့ တရားတော်တွေကို သူတို့ကိုယ်က သင်္ကန်းတွေကို ပူဇော်တဲ့အနေနဲ့ ပူဇော်နိုင်ကြရမယ်။


အကျင့်သီလ လုံးဝမရှိတဲ့ ဒုဿီလပုဂ္ဂိုလ် ဖြစ်နေရင်တောင်မှ အရိယာသံဃာအဖြစ် ရည်မှန်းပြီးလှူဒါန်း ပူဇော်နိုင်ရမယ်။ မလှူလို့ မပူဇော်လို့ဘူးဆိုသည့်တိုင်အောင် မပြစ်မှား အကျူးလွန်မိအောင် ခွင့်လွှတ်နိုင်ကြရမှာဖြစ်တယ်။

No comments:

Post a Comment