Friday, 23 July 2010

သံဃာတော်တွေကို ဆွမ်းလောင်းလှူတဲ့အခါ ဆွမ်းကပ်တဲ့အခါ ဘယ်လိုဂုဏ်တွေကို ရည်မှန်းပြီး လှူဒါန်းရမလဲ ?

ငါတို့ဟာ တစ်လမှာ လေးရက်တောင် မှန်မှန်ဥပုသ်မစောင့်နိုင်ဘူး။ ရဟန်းသံဃာတွေဟာ နှစ်ရာနှစ်ဆယ်ခုနှစ်သွယ်သော သိက္ခာပုဒ်တွေကို နေ့စဉ် အမြဲမပြတ် လုံခြုံအောင် ထိန်းသိမ်းတော်မှုကြတယ်။ ဒီသံဃာတော်တွေ ပိဋကတ်တွေကို အစဉ်ဆောင်ရွက် သင်အံလာခဲ့လို့ ဗုဒ္ဓရဲ့တရားအစစ်အမှန်တွေကို အခုတို့တတွေ သိခွင့် ကျင့်ခွင့်ကြုံရတယ်။ ဒီလို သံဃာတွေက ဘာသာရေးကိစ္စမှာ ဦးဆောင်မှုပေးတဲ့အတွက် အပါယ်လေးပါးမှလွတ်၍ နတ်ရွာလူ့ပြည်ရောက်စေနိုင်တဲ့ အကျင့်တွေကို ကျင့်ကြံနိုင်ပြီး မင်္ဂဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်ကို ရနိုင် ရောက်နိုင်ကြတာ ဖြစ်တယ်လို့ သံဃာတော်တွေရဲ့ လက်တွေ့ကျတဲ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့ပြီး လှူဒါန်းပူဇော်ရပါမယ်။

No comments:

Post a Comment