Saturday, 24 July 2010

အနတ္တ၀ါဒဖြစ်တဲ့ ဗုဒ္ဓဘာသာကို စတင်တည်ထောင်သွားတဲ့ ဗုဒ္ဓအကြောင်း အကျဉ်းချုပ် ပြောပြပေးပါ့မယ်။

ဗုဒ္ဓမြတ်စွာဟာ အိန္ဒိယနိုင်ငံ ကပိလ၀တ်နေပြည်တော် ဘုရင်သုဒ္ဓောဒနနဲ့ မိဖုရားကြီး မာယာတို့ရဲ့ တစ်ဦးတည်းသော သားတော်ဖြစ်တယ်။ ၁၆-နှစ်အရွယ်မှာ ဒေ၀ဒဟပြည်သူယသော်ဓရာ မင်းသမီးနဲ့ အိမ်ထောင်ပြုပြီး ထီးနန်းစည်းစိမ်ကို ခံစားတယ်။ တစ်နေ့ ဥယျာဉ်ကစားထွက်တုန်းမှာ သူအို၊ သူနာ၊ သူသေ၊ နိမိတ် ၃-ပါးကိုမြင်တော့ အိုနာသေရေး ဒုက္ခဘေးကို ထင်မြင်သုံးသပ်မိပြီး သတိသံဝေဂရတယ်။


ထို့နောက် ရဟန်းအသွင် နိမိတ်ကို မြင်တဲ့အခါ အိုနာသေမှု ဒုက္ခမှကင်းလွတ်ရာ ဌာနတစ်ခုရှိတယ်။ ဒီဌာနကို ရောက်ဖို့အတွက် လောကီအာရုံခံစားမှုတွေ စွန့်လွှတ်ပြီး ရဟန်းအသွင်နဲ့ အမှန်တရားကို ရှာဖွေရမယ်လို့ သိရှိလာတယ်။ အဲဒီအချိန်မှာ သားတော်ရာဟုလာ ဖွားမြင်တော်မှုကြောင်း သတင်းရတယ်။ သံယောဇဉ်အမျှင်မကြီးထွားခင် တောထွက်မှ တော်တော့မယ်လို့ အဲဒီနေ့မှာပဲ လက်စွဲတော်မောင်ဆန်းကိုခေါ်ပြီ ကဏ္ဍကမြင်းနဲ့ ဥရုဝေဠတောကို ပို့ခိုင်းတယ်၊ ဥရုဝေဠတောမှာ ၆-နှစ်တိတိ လူသာမန်တို့ ကျင့်နိုင်ခဲ့တဲ့ ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မှုတယ်။ မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆန်လပြည့်နေ့မှာ သစ္စာလေးပါး အမှန်တရားကို ထိုးထွင်းသိမြင်ပြီး ဘုရားအဖြစ်ကို ရတော်မှုတယ်။


သိသင့်သိထိုက်တဲ့ အားလုံးကို ထိုးထွင်းသိမြင်တဲ့ အချိန်ကစပြီး ဘုရားရှင်ဟာ သူရဲ့မှုလငယ်နာမည် သိဒ္ဓတ္ထကိုဖျောက်ပြီး ဗုဒ္ဓလို့ နာမည်သစ် မှည့်တော်မှုတယ်။


ဘုရားဖြစ်တော်မှုပြီးတဲ့နောက် ၄၅-၀ါ (၄၅-နှစ်) ကာလပတ်လုံး သူကိုယ်တိုင် ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်း ကြိုးစားရှာဖွေထားရတဲ့ တရားစစ် တရားမှန်တွေကို မနားမနေ ဟောကြားတော်မှုပြီး သက်တော် ၈၀-မှာ ပရိနိဗ္ဗာန်စံတော်မှုခဲ့တယ်။

No comments:

Post a Comment