Saturday, 24 July 2010

သေပြီးတဲ့နောက် ဘာမှမဖြစ်ဘူးဆိုတဲ့ ပြတ်စဲဥစ္ဆေဒ၀ါဒမှာ ဘယ်လို အပြစ်ရှိသလဲ ?

ဘုရားရှင်လက်ထက်မှာ ပြတ်စဲဝါဒ ဥစ္ဆေဒအယူကို ကြေငြာနေတဲ့ သူတွေကတော့ တတ္ထိဆရာကြီးတွေပဲဖြစ်တယ်။ သူတို့အဆိုက သတ္တ၀ါတွေဟာ ဒီဘ၀ကို ဘယ်ဘ၀ကမှ ကူးပြောင်းလာတာ မဟုတ်ဘူး။ အခုဘ၀ သေဆုံးသွားပြီးရင်လဲ ဘယ်ဘ၀မှာမှ မဖြစ်တော့ဘူး။ ဘ၀ကူးတယ်ဆိုတာ မရှိလို့ နောက်ဘ၀ ကောင်းရာကောင်းကြောင်းအတွက် ကုသိုလ်ကောင်းမှုတွေလဲ လုပ်စရာမလိုဘူး။ မကောင်းမှု အကုသိုလ်တွေလုပ်လို့လဲ ဘာအပြစ်မှမခံရဘူး။ ဒီလို နောင်ဘ၀ မရှိတဲ့အတွက် နောင်ဘ၀ ကောင်းစားရေးအတွက် ကူသိုလ်ကောင်းမှုလဲ လုပ်စရာမလိုဘူး။ အကုသိုလ် မကောင်းမှုတွေကိုလဲ ရှောင်ကြဉ်နေစရာမလိုဘူး။


ဒါကြောင့် ဒီဘ၀မှာ ကောင်းမယ်ထင်ရင် ကိုယ် အကျိုးရှိမယ်ဆိုရင် ဘာမဆို လုပ်နိုင်တယ်လို့ ဆိုရာရောက်တယ်။ စာနာမှု ယိုင်းပင်းကူညီမှုလုံးဝမရှိတဲ့ လူရိုင်းတို့ရဲ့ အတွေးအခေါ် အပြုအမှုသာဖြစ်တဲ့အတွက် ဘာသာတရားအားလုံးနဲ့ ဆန့်ကျင်ပြီး စာနာမှု ယိုင်းပင်းမှုတွေနဲ့ ယဉ်ကျေးနေတဲ့ လူ့အဖွဲ့အစည်းတွေက လက်မခံလိုကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment