Saturday, 24 July 2010

ဗုဒ္ဓ၀ါဒဟာ အနတ္တဆိုတော့ လူတွေဟာ သေပြီးရင် ဘာမှမဖြစ်ဘဲ ဘ၀ပြတ်သွားသလား ?

လူဟာ သေပြီးတဲ့နောက် ဘာမှ ပြန်မဖြစ်ဘဲ ဘ၀ပြတ်မသွားပါဘူး။ နောက်ဘ၀တစ်ခုမှာ ပြန်ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဟာ ပျက်စီးခြင်းမရှိ ထာဝစဉ်တည်မြဲနေတဲ့ အတ္တ၀ိညာဉ်ရှိတယ်ဆိုတဲ့ တည်မြဲဝါဒ သဿတအယူကို တစ်ဖက်မှာ တိုက်ခိုက်ရသလို တစ်ဖက်မှာလဲ “နောင်ဘ၀ဆိုတာ မရှိဘူး၊ သေပြီးရင်လဲ ဘာမှမဖြစ်ဘူး”လို့ ယူဆတဲ့ ပြတ်စဲဝါဒ ဥစ္ဆေဒအယူကိုလဲ တော်လှန်ဆန့်ကျင်ခဲ့ပါတယ်။

No comments:

Post a Comment