ဂေါတမ ဘုရားရှင်ဟာ လူတွေရဲ့ကောင်းကျိုးဆိုးကျိုးကို သူရဲ့ တန်ခိုးက္ကုဒ္ဓိပါဒ်နဲ့ မဖန်တီး မပြုလုပ်နိုင်ပါဘူး။ ဂေါတမဗုဒ္ဓဟာ တို့ကို မစလိမ့်မယ်၊ ကယ်တင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လူတွေက ကိုးကွယ်နေတာ မဟုတ်ပါဘူး။
ဘုရားရှင်ဟာ ဒီပြင်လူတွေ မတွေ့အသိသေးတဲ့ တရားတွေကို အမှားနဲ့ အမှန်ခွဲခြား သိမြင်ခဲ့တယ်။ ကောင်းကျိုးကို ပေးတတ်တဲ့ အကုသိုလ်အမှားတရား နဲ့ ကောင်းကျိုးကို ပေးတတ်တဲ့ ကုသိုလ် အမှန်တရားတွေကိုခွဲခြားပြီးဟောကြားခဲ့တယ်။ ဒီလို ကြံစည်ပြောဆို လုပ်ဆောင်မှုဟာ ကောင်းတဲ့ ဘ၀ကို ရောက်စေနိုင်တဲ့ သုဂတိလမ်းကောင်း၊ ဒီလိုကြံစည်ပြောဆို လုပ်ဆောင်မှုဟာ မကောင်းတဲ့ဘ၀ ရောက်စေနိုင်တဲ့ ဒုဂ္ဂတိလမ်းဆိုး ဖြစ်တယ်လို့ လမ်းကောင်းနဲ့လမ်းဆိုး၊ လမ်းမှန်နဲ့ လမ်းမှားကို ကွဲကွဲပြားပြား ပြတ်ပြတ်သားသား ညွှန်ကြားခဲ့တယ်။
အဲဒီလို ကောင်းဆိုးလမ်းများကို ညွှန်ကြားခဲ့တဲ့ လမ်းညွှန်ပုဂ္ဂိုလ်မြတ်ကြီး တစ်ပါးအနေနဲ့ ကိုးကွယ်ဆည်းကပ် ၀တ်ပြုပူဇော်ကြခြင်းသာ ဖြစ်တယ်။ တစ်ဘ၀အတွက် သိသင့်သိထိုက်တဲ့ အသိပညာ အတတ်ပညာတွေကို သွန်သင်ပြသတဲ့ ဆရာဆရာမတွေရဲ့ ဂုဏ်ကျေးဇူးကို လေးစားမြတ်နှိုး ရှိခိုးပူဇော်တဲ့ သဘောသာဖြစ်တယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်မှုဟာ အခြား ဘာသာတွေမှာလို ကြောက်ရွံ့တဲ့သဘော လုံးဝမပေါဘူးဆိုတာကို အထူးသတိပြုထားရမယ်။
No comments:
Post a Comment