Friday, 27 August 2010

သီလကျိုးတယ်၊ ပေါက်တယ်၊ ပြောက်တယ်၊ ကျားတယ်ဆိုတာ ဘာလဲ?

အစ၊ အလယ်၊ အဆုံး သိက္ခာပုဒ်ပျက်တာကို သိက္ခာပုဒ်ကျိုးတယ်လို့ ခေါ်ပါတယ်။ အလယ် သိက္ခာပုဒ် ပျောက်တယ်လို့ ခေါ်တယ်။ သိက္ခာ အပြောက်ထင်တယ်လို့ ခေါ်တယ်။ အကြား အကြားသိက္ခာပုဒ်တွေ ပျက်တာကို ကျားတယ်လို့ ခေါ်တယ်။


ဒါကြောင့် ဘုန်းတော်ကြီးများက သာဓုကံ ကတွာ=မကျိုး၊ မပြှောက်၊ မပေါက်၊ မကျားရအောင် ကောင်းစွာ ဂရုစိုက်၍။ အပ္ပမာဒေန သမ္ပာဒေထ=မမေ့လျော့ စောင့်ရှောက်ကြကုန်လော့လို့ သတိပေး တိုက်တွန်းစကား မှာကြားခြင်းဖြစ်ပါတယ်။ သိက္ခာပုဒ်တွေကို အစ၊ အလယ်၊ အဆုံး ဘယ်နားကမှ မပျက်စီးစေနဲ့လို့ ဆိုလိုပါတယ်။

1 comment:

  1. မဟုတ်ပါဘူး .. ဟိုတလောတုန်းက အဲလိုပဲ ဘုရားစာတွေ ရေးတဲ့ ဘလော့ဂ်ဂါတစ်ယောက်က ဦးပဉ္စင်း ... အဲဒါ သူက ရိုးရိုးလူလို အွန်လိုင်းမှာ ရည်းစားထားတာ သိသွားတော့ ပြဿနာ တက်ကြတယ် ... အဲဒီလိုလားလို့ နောက်တာပါဗျာ .. တောသူမလေးကတော့ မဟုတ်လောက်ပါဘူးနော် :-)

    ReplyDelete