သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို မေမေ့မလျော့ ကောင်းစွာ စောင့်ထိန်းကြလို့ တိုက်တွန်းတာ ဖြစ်တယ်။ အဲဒီအခါမှာ လူတွေက “အာမဘန္တေ-ဆရာတော် အမိန့်ရှိ မှာကြားတဲ့အတိုင်း ဂရုပြုစောင့်ထိန်းပါမည်ဘုရား” လို့ ကတိပြု လျှောက်ထားရတယ်။
ဘုရားမှာ သီလယူတဲ့အခါ စောင့်ထိန်းကြပါလို့ တိုက်တွန်းသူ မရှိလို့ အာမဘန္တေ ဆိုစရာ မလိုဘူး။ ဗုဒ္ဓဘာသာဝင်အချို့ ဘုရားရှေ့မှာ သီလခံတဲ့အခါမှာလဲ အာမဘန္တေကို သုံးနေရာစလုံးမှာ ထည့်ဆိုနေကြတယ်။ ထည်ဆိုလို့ အပြစ်မရှိပေမယ့် ကိုယ်ဆိုတဲ့စကားကို ကိုယ်နားမလည်ရာ ရောက်တဲ့အတွက် ထည့်မဆိုမိဖို့ သတိပြုကြရပါမယ်။
No comments:
Post a Comment