ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 27 August 2010

ငါးပါးသီလ ခံယူပြီးနောက် ဘုန်းကြီးက တိသရဏေန သဟ ပဉ္စသီလံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ လို့ ဆိုတာ ဘာအဓိပ္ပာယ်လဲ ?


သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို မေမေ့မလျော့ ကောင်းစွာ စောင့်ထိန်းကြလို့ တိုက်တွန်းတာ ဖြစ်တယ်။ အဲဒီအခါမှာ လူတွေက “အာမဘန္တေ-ဆရာတော် အမိန့်ရှိ မှာကြားတဲ့အတိုင်း ဂရုပြုစောင့်ထိန်းပါမည်ဘုရား” လို့ ကတိပြု လျှောက်ထားရတယ်။


ဘုရားမှာ သီလယူတဲ့အခါ စောင့်ထိန်းကြပါလို့ တိုက်တွန်းသူ မရှိလို့ အာမဘန္တေ ဆိုစရာ မလိုဘူး။ ဗုဒ္ဓဘာသာဝင်အချို့ ဘုရားရှေ့မှာ သီလခံတဲ့အခါမှာလဲ အာမဘန္တေကို သုံးနေရာစလုံးမှာ ထည့်ဆိုနေကြတယ်။ ထည်ဆိုလို့ အပြစ်မရှိပေမယ့် ကိုယ်ဆိုတဲ့စကားကို ကိုယ်နားမလည်ရာ ရောက်တဲ့အတွက် ထည့်မဆိုမိဖို့ သတိပြုကြရပါမယ်။

No comments:

Post a Comment