ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 29 August 2010

အိမ်ထောင်ရေးသည် လောကီလူမှုရေးရာ



လောကသဘာဝအရ ထိမ်းမြားမင်္ဂလာပြုလုပ်ခြင်းသည် ဘာသာရေးလုပ်ငန်းမဟုတ်ပေ၊ လောကီရေး လူမှုလုပ်ငန်းသာ ဖြစ်သည်။ ဗုဒ္ဓဘာသာ လူမှုရေးအလုပ်ငန်းအဖြစ် သဘာဝကျကျ မှန်ကန်စွာ သဘောထားသော်လည်း အခြား ဘာသာတို့အဖို့မှု လွန်စွာအရေးကြီးသည့် ဘာသာရေးစည်းရုံးမှု ဖြစ်နေသည်။



ဗုဒ္ဒဘာသာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အိမ်ထောင်ရေးသည် နှစ်ဦးသဘောတူ ကတိပဋိညာဉ်ထား၍ ဆက်ဆံကြသော လောကီလူမှုရေ တစ်ရပ်သာ ဖြစ်သည်ဟု လက်ခံထားသဖြင့် ထိမ်းမြားမင်္ဂလာ ပွဲများကို ဘာသာရေး အစီအစဉ်များ အခမ်းအနားများဖြင့် တရားဝင် အကြင်လင်မယား ဖြစ်လာစေရန်အတွက် ဆောင်ရွက်ဖို့ မလိုပေ။ ကျွေးမွေးဧည့်ခံခြင်းသည် လူမှုရေးအရ လောက၀တ် ပြုခြင်းမျှသာ ဖြစ်လေသည်။ မင်္ဂလာဆွမ်းကျွေးခြင်း၊ လှူဖွယ်ဝတ္ထုများ လှူဒါန်း ဆက်ကပ်ခြင်းများသည် လည်း အိမ်ထောင်ဦးမင်္ဂလာဒါနပြုခြင်းမျှသာ ဖြစ်လေသည်။ တရားဝင်စေရန် ဆောင်ရွက်ပေးရခြင်း မဟုတ်ပေ။



မြတ်စွာဘုရား လက်ထက်တော်အခါက လက်ထပ်ထိမ်းမြားရေး၊ သားရေး၊ သမီးရေး၊ လူမှုရေးများနှင့် ပတ်သက်၍ မြတ်စွာဘုရား၏ လမ်းညွှန်သြ၀ါဒတော်များ၊ ဗုဒ္ဓဘာသာ ဥပါသကာ မိဘများ၏ လမ်းညွှန် သွန်သင်ချက်များသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ ထိမ်းမြားမင်္ဂလာပွဲ ဆင်နွဲကြ သူတို့အတွက် အတုယူစရာ စံနမှုနာများပင် ဖြစ်ပေသည်။

No comments:

Post a Comment