လောက၌ ရွှေငွေ စသည်ကြွေးဆပ်လျှင် ကြွေးတင်သည် အရေအတွက် အားလျောစွာ ပေးဆပ်လို့ရ၏။ ကြွေးကျေ၏။ မိဘတို့မေတ္တာကား အနန္တဖြစ်၍ မကျေနိုင်။ မကျေနိုင်၍ မဆပ်လျှင် ကြွေးထပ်တင်ရန်သာ ရှိတော့သည်။
မြတ်စွာဘုရားဟောတော်မှုသည်မှာ သားသမီးတို့သည် ကျေးဇူးရှင် မိဘနှစ်ပါးအား ပခုံးတစ်ဘက်စီ၌ တင်ထား၍ အမြဲတမ်း မိဘနှစ်ပါးအား အစာကျွေးမွေးပေးခြင်း၊ ရေချိုးပေးခြင်း၊ နင်းနှိပ်ပေးခြင်း၊ သိပ်ပေးခြင်း၊ မိမိတို့ ပခုံးပေါ်၌ပင် ကျင်ကြီးကျင်ငယ်စွန့်သော်လည်း မငြူမစူ ပြုစုသုတ်သင်ပေးခြင်း စသည်ဖြင့် အနှစ်တစ်ရာတိုင်တိုင် ပခုံးထမ်း၍ ပြုစုလုပ်ကျွေးသော်လည်း ကျေးဇူးကျွေး မကျေနိုင်ဟုပင် ဟောတော်မှုလေသည်။
No comments:
Post a Comment