မြတ်စွာဘုရားသည် ပါဝါပြည်ရွှေပန်ထိမ်သည်သားစုန္ဒ၏ ဥယျာဉ်၌ သီတင်းသုံးတော်မှုနေစဉ် ဇာဏှာသောဏီ ပုဏ္ဏားကြီးရောက်လာပြီး ဘုရားရှင်အား အောက်ပါအတိုင်း လျှောက်ထား၏။
“အရှင်ဂေါတမ…တပည့်တော်တို့ ပုဏ္ဏားများသည် သေဆုံးသူတို့ကို ရည်မှန်းပြီး အလှူဒါန ပြုကြပါသည်။ ထိုအလှူဒါနသည် တပည့်တော်တို့ ရည်မှန်းသည့်အတိုင်း သေသူဆွေမျိုးများထံ ရောက်ပါသလား၊ သေသူဆွေမျိုးတို့သည် ထိုအလှူဒါနကို သုံးဆောင်ကြရပါသလား”
ပုဏ္ဏားကြီး…သေဆုံးသွားသူ၊ ဆွေမျိုးများသည် ငရဲသား၊ တိရစ္ဆာန်၊ လူ၊ နတ် ဖြစ်သွားသော် သေဆုံးသူကို ရည်မှန်း၍ လှူဒါန်းသည့် အလှူ၏အကျိုးကို မခံစားရပေ၊ ထိုအလှူသည် သေဆုံးသူဆွေမျိုးများထံသို့ မရောက်ရှိပေ၊ သေဆုံးသူ ဆွေမျိုးများသည် ပြိတ္တာဖြစ်မှသာ ထိုပြိတ္တာထံသို့ ထိုအလှူဒါန ရောက်နိုင်သည်။ ထိုအလှူဒါန၏အကျိုးကို ရရှိခံစားနိုင်သည်။ သေဆုံးသူ ပြိတ္တာမဖြစ်လျှင် သံသရာဘ၀များမှာ ရှည်လျားလှသည်ဖြစ်သောကြောင့် ထိုအလှူ၏ အကျိုးကို ဘ၀ဟောင်း ဘ၀ပေါင်း များစွာက ဆွေဟောင်းမျိုးဟောင်း ပြိတ္တာတို့ ခံစားရပေသည်။
No comments:
Post a Comment