ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 25 August 2010

နမောတဿဆိုတာ ဘာလဲ ?


နမောတဿစတဲ့ ပါဠိက သရဏဂုံလဲ မဟုတ်ဘူး။ ငါးပါးသီလလဲ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်တွေ ဘာသာရေးလုပ်ငန်း ဆောင်ရွက်တဲ့အခါ အထူးသဖြင့် ပေပုရပိုက်မှာ စာရေးတဲ့အခါ၊ စာအုပ်တွေ ပုံရိုက်နှိပ်တဲ့အခါ အစဆုံး ရှိခိုးရတဲ့ မဟာဘုရားရှိခိုးကြီး ဖြစ်တယ်။ နမောတဿဟာ သံယုတ်၊ မဇ္ဈိမ ပဏ္ဏာသ၊ သုတ်မဟာဝါ၊ အင်္ဂုတ္တိုရ် ပါဠိတော်တွေမှာလာတဲ့ ဓနဉ္ဇနီပုဏ္ဏေးမ၊ ဗြဟ္မာယုပုဏ္ဏား သီကြားမင်းနှင့် အာရာမဒဏ္ဍပုဏ္ဏားတို့ရဲ့ ဘုရားရှိခိုးဥဒါန်း ဖြစ်ပါတယ်။

သရဏဂုံကိုးပါး ငါးပါးသီလ မဆောက်တည်ခင်မှာ ဘုရားကို ပထမရှိခိုးခိုင်းတာ ဖြစ်ပါတယ်။ နမောတဿ မဟာဘုရားရှိခိုးကြီးရဲ့ မြန်မာလို အဓိပ္ပာယ်ကတော့ “ပူဇော်အထူးကို ခံယူတော်မှုထိုက်သော တရားအပေါင်းကို ကိုယ်ပိုင်ဥာဏ်ဖြင့် ဆရာမပြသိတော်မှုသော မြတ်စွာဘုရားကို ရှိခိုးပါ၏” လို့ ဆိုလိုတယ်။

No comments:

Post a Comment