ဝိသာခါကဲ့သို့ပင် အနာထပိဏ် သူဌေးကြီး၏ သမီး စူဠသုဘဒ္ဒါသည်လည်း မိစ္ဆာဒိဌိကိုးကွယ်သူ ဥဂ္ဂသူဌေးသားနှင့် လက်ထပ်ခဲ့ရသည်။ ၀ိသာခါလိုပင် မိဘများက ဆုံးမသြ၀ါဒပေးကာ ပညာရှိရှစ်ဦးထံ အပ်နှံလိုက်သည်။ စူဠသုဘဒ္ဒါသည် မိဘတို့၏ လုပ်ငန်းမှာမှု ကိုယ်ပိုင်အခွင့်အရေးဖြစ်၍ ၀တ္တရားမပျက် ရတနာသုံးပါးကိုးကွယ်မှုကို အပျက်မခံခဲ့ပေ။ မိစ္ဆာဒိဌိ အစေလကတက္ကတွန်းကြီး များကို ရှိခိုးခိုင်းရာ ရှိမခိုးနိုင်ကြောင်း ငြင်းဆန်ရာမှ အိမ်ကနှင်ချခံရသည်။ ပညာရှိ ရှစ်ဦးတို့က ထိုအရေးကို ညှိနှိုင်းကြပြီး ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်ဟု ဆုံးဖြတ်ချက်ပေးကြသည်။
ဘုရားချင်းပြိုင်သည့်အနေဖြင့် မနက်ဖြန်အရောက်ကြွရန် ဘုရားပင့်ခိုင်းသည်။ မိမိနေထိုင်သည့် သာကေတမြို့မှ ဘုရားရှင်ရှိရာ သာဝတ္ထိမြို့သို့ မြတ်လေးပန်းများကို အဓိဌာန်၍ ဘုရားပင့်လွှတ်လိုက် သည်။ ထိုပန်းများသည် မြတ်စွာဘုရား ထံမှောက် ထိုအချင်းအရာကို ပန်းဆိုင်းဆွဲသကဲ့သို့ တည်နေကြသည်။ မြတ်စွာဘုရားသည် ထိုအချင်းအရာကို စိတ်တော်ဖြင့်သိ၍ နောက်တစ်နေ့ နံနက်တွင် သံဃာတော်ငါးရာနှင့်အတူ ဆွမ်းအလှူခံ ကြွတော်မှုလာပြီး ဆွမ်းအနုမောဒနာ တရားဟောပြရာ အရိယာ ဖြစ်သွားကြသည်။ မိသားတစ်စုလုံး တစ်မြို့လုံးလိုလို ဗုဒ္ဓဘာသာဝင် ဖြစ်လာကြလေတော့သည်။
No comments:
Post a Comment