ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 24 August 2010

မိမိဓာတ်ပုံမှာ စတစ်ကာပုံလေးတွေနဲ့ ပြင်ချင်ရှင်(၁)

မိမိတို့ ဓာတ်ပုံလေးတွေကို စတစ်ကာ အရုပ်ပုံလေးများနှင့် ချစ်စရာပုံလေးတွေ ဖန်တီးရယူနိုင်ပါတယ်။

လုပ်ပုံလုပ်နည်းလေးက နဲနဲလေးမှကို မခက်ခဲပါဖူး အင်မတန်လွယ်ကူရိုးရှင်းလှပါတယ်။



၁။ ယခုစာမျက်နှာပေါ်မှ မိမိကြိုက်နှစ်သက်တဲ့ ပုံလေးပေါ်မှာ Right Click ထောက် Save Image as ကိုနှိပ်ပါ box တစ်ခုပေါ်လာပါလိမ့်မယ်။



Destkop, My Document တစ်ခုခုကို ရွေးလိုက်ပါ။ ကိုယ်သိမ်းမဲ့ နေရာရွေးပြီးသွားရင် Save ကိုနှိပ်လိုက်ပါ။



၂။ Photoshop မှာ သုံးရမှာဖြစ်ပါတယ်။



၃။ Photoshop မှာ မိမိပြင်လိုသော ဓာတ်ပုံနဲ့အတူ စတစ်ကာနှစ်သက်ရာပုံလေးကို File ကနေ Open သွားပြီး ပုံသိမ်းထားတဲ့နေရာကနေ တစ်ဆင့် ဖွင့်လိုက်ပါ။



၎။ ဖွင့်ထားတဲ့ ပုံလေးကို Select မှတ်ပြီး ဖိဆွဲသွားလိုက်ပါ။ မိမိပြင်လိုသော ဓာတ်ပုံလေးပေါ်မှာ ဆွဲတင်ပြီး ပြုပြင်နိုင်ပါတယ်ရှင်။



၅။ ထိုသို့ပြုပြင်ပြီး စိတ်တိုင်းကျပါက ထိုဓာတ်ပုံကို File ကနေ Save ကိုသွားပြီး သိမ်းလိုက်ရုံနဲ့ မိမိတို့ရဲ့ချစ်စရာပုံလေးတွေကို ရရှိမှာဖြစ်ပါတယ်။



Photoshop သုံးတက်သူတွေကတော့ အလွယ်တကူနားလည်မှာပါ ပုံလေးတွေတင်ရင်း မသိမတက်သူများကို အနည်းကျဉ်းဖော်ပြပေးတာဖြစ်ပါတယ်။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။

























































































No comments:

Post a Comment