ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 29 August 2010

အသွင်တူမှ အိမ်သူဖြစ်



အသွင်တူမှ အိမ်သူဖြစ်နိုင်သည် ဟူသော စကားအတိုင်းပင် အိမ်ထောင်ဖက်ချင်း အသွင်တူစေရန် အရေးကြီးလှသဖြင့် အသွင်တူသည့် အိမ်ထောင်ဖက်လေးမျိုးကိုလည်း ညွှန်ပြတော်မှုသည်။



၁။ အကျင့်သီလကင်းမဲ့၍ လွဲမှားသော မိစ္ဆာဒိဋ္ဌိအယူရှိသည့် အမျိုးသားနှင့် အမျိုးသမီးတို့ ထိမ်းမြားမှု။



၂။ အကျင့်သီလနှင့် ပြည့်စုံ၍ မှန်ကန်သော ဘာသာအယူဝါဒတူ သမ္မာဒိဋ္ဌိအယူမှန်ရှိသော အမျိုးသားနှင့် အမျိုးသမီးတို့ ထိမ်းမြားမှု။



၃။ အကျင့်သီလ ကင်းမဲ့၍ လွဲမှားသော မိစ္ဆာဒိဋ္ဌိရှိသည့် အမျိုးသားနှင့် အကျင့်သီလနှင့် ပြည့်စုံ၍ မှန်ကန်သော သမ္မာဒိဌိအယူရှိသူ အမျိုးသမီးတို့ ထိမ်းမြားမှု။



၎။ အကျင့်သီလနှင့် ပြည့်စုံ၍ မှန်ကန်သော သမ္မာဒိဋ္ဌိအယူရှိသူ အမျိုးသားနှင့် အကျင့်သီလကင်းမဲ့၍ လွဲမှားသော မိစ္ဆာဒိဋ္ဌိအယူရှိသည့် အမျိုးသမီးတို့၏ ထိမ်းမြားမှုဟု ထိမ်းမြားမှု လေးမျိုး ရှိလေသည်။



ထိုလေးမျိုးသော အိမ်ထောင်ဘက်တို့တွင် အသွင်တူချင်း ပေါင်းသင်းရခြင်းသည် ကောင်းခြင်းမင်္ဂလာ ပြည့်စုံလှပါသဖြင့် အသွင်မတူပါက အိမ်သူအဖြစ် မရွေးချယ်သင့်ပေ။

No comments:

Post a Comment