သုံးကြိမ်ထပ်ဆိုတာ အထူးလေးနက်စေချင်လို့ ဖြစ်ပါတယ်။ တစ်ကြိမ်တစ်ခါ ဆိုတာကတော့ စိတ်မပါ လက်မပါ ၀တ်ကျေတန်းကျေဆိုတာလဲ ဖြစ်နိုင်ပါတယ်။ အခု သရဏဂုံ ဆောက်တည်တဲ့ လူကတော့ တကယ့် ယုံယုံကြည်ကြည် စိတ်ပါလက်ပါ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်တယ်ဆိုတာ သိစေချင်လို့ သူရဲ့ ကိုးကွယ်ဆည်းကပ်မှုကို လေးနက်စေချင်လို့ သုံးကြိမ်ထပ်ဆိုခြင်း ဖြစ်ပါတယ်။ ဘာသာရေးကိစ္စတွေမှာ သုံးကြိမ်ထပ်ဆိုမှု မှန်သမျှဟာ လေးနက်စေချင်လို့ ဖြစ်တယ်လို့ မှတ်ရပါမယ်။
အင်း မှန်တော့မှန်ပါတယ်။ဒါပေမဲ့ အမှတ်မပေးနိုင်ဘူး လို့ပြောရမယ်ထင်ပါတယ်။
ReplyDeleteဦးဇင်းမှတ်ဖူးတာကိုပြောပြမယ်နော်။နှစ်ကြိမ်၊
သုံးကြိမ်ထပ်ဆိုတာဟာ အာမေဋိတ်အရာဖြစ်လို့တဲ့။ အာမေဋိတ်ဆိုတာ
စကားတွေနှစ်ခါ သုံးခါထပ်ပြောတာကိုအာမေဋိတ်လို့ခေါ်ပါတယ်။
အာမေဋိတ်အပြား(၉)ပါးထဲမှာ ပသာဒ (ကြည်ညိုတဲ့)အာမေဋိတ်လို့ခေါ်ပါတယ်။
တနည်းပြောရရင်တော့ ရတနာသုံးပါးကြည်ညိုသက်ဝင်တဲ့နေရာမှာ(ဆောက်တည်တဲ့နေရာမှာ)ခိုင်မြဲသွားအောင်လို့ပါတဲ့။ ပစ္စည်းဝတ္ထုတွေကို ကြိးနှင့်ချည်တဲ့အခါနှစ်ခါ သုံးခါ ခိုင်မြဲအောင် သေချာအောင် ပတ်ချည်သလိုမျိုးပေါ့။(ဆရာလုပ်တာဟုတ်ဘူးနော်)ဒီအဓိပ္ပါယ်လေးကို ရေးတတ်သလိုရေးပြီးပိုစ်ပြန်တင်လိုက်ပေါ့။
အင်း .... ဘုရားစာတွေချည်း ရေးနေတော့ ဟိုတလောက အုံးအုံးကျက်ကျက် ဖြစ်သွားတဲ့ ဦးပဉ္စင်းလိုလားလို့ သံသယတောင် ဖြစ်မိတယ် :-)
ReplyDeleteခိုင်မြဲသေချာအောင် ကြည်ညိုနိုင်မှု ပိုမိုအောင် သတိပေးတာ ၀မ်းသာရပါတယ် ...
ReplyDeleteငြိမ်းစိုးဦး
တင်ပါ့ဘုရား ဒကာမလေးက ဘုရားစာတွေကို စိတ်ပါဝင်စာလို့ ရေးနေတယ်ဆိုပေမယ့်..အရှင်ဘုရားလောက် မသိနားမလည်တာတော့အမှန်ပါပဲဘုရား..
ReplyDeleteဖတ်ဖူးတာ မှတ်ထားတာလေးတွေကို ပြန်လည်မျှဝေခြင်းဖြစ်တာမို့
ယခုလို သိတာလေးကို ပြောပြပေးတဲ့အတွက် ကျေးဇူးလည်းအရမ်းတင်ပါတယ်..ဒကာမလေးရေးလိုက်တဲ့အထဲမှာ အမှားတွေပါခဲ့မယ်ဆို ခွင့်လွှတ်နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါရစေရှင်..:thanx