ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 29 August 2010

အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး



အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး”ဤသုံးချက် မပိုင်လျှင် နောင်ပြင်နိုင်ခက်သည့် အမျိုးဟူသော ဆိုရိုးစကားအရ နောင်သောအခါဝယ် ပြုပြင်ပြောင်းလဲရန် ခဲယဉ်းလှပြီး သံသရာတလျှောက်လုံ နစ်မွန်းနိုင်သော လုပ်ငန်းမျိုးဖြစ်သဖြင့် ကိုးကွယ်ယုံကြည်မှု ကွဲပြားသူတို့နှင့် ထိမ်းမြားလက်ထပ်မှု မပြုကြရန် ထပ်မံခွဲခြား၍ ဟောကြားတော်မှု ခဲ့ပါသည်။



လင်ရော၊ မယာပါ နှစ်ဦးစလုံး သဒ္ဓါတူ၊ ပညာတူ၊ သီလတူ အသက်မွေး စင်ကြယ်မှုတူညီကြပါမှု ဤဘ၀တွင်လည်း သာယာမှု ပြည့်ဝ၊ ပျော်ရွှင်မှု ထာဝရ ရနိုင်သော အိမ်ထောင်ရှင်များ ဖြစ်ကြပေမည်။ နောက်ဘ၀သံသရာ၌လည်း နတ်ပြည်လောကသို့ ဧကန်ပင် ရောက်ကြပေလိမ့်မည်ဟု အကြောင်း အကျိုးပြ၍ ဆုံးမတော် မှုခဲ့ပါသည်။

1 comment:

  1. မယ်သီလရှင်က အိမ်ထောင်ရေးတွေဘက် နဲနဲ ရောက်လာပြီးနော် :-)

    ReplyDelete