“ဗုဒ္ဒမြတ်စွာ ပွင့်ပေါ်လာ သတ္တ၀ါအပေါင်း ချမ်းသာကြောင်း” ဆိုသည့် ဗုဒ္ဓဒေသနာတော်နှင့်အညီ မြတ်စွာဘုရား ပွင့်တော်မှုလာခြင်းသည် သတ္တ၀ါတို့ လောကသံသရာမှ လွတ်မြောက်ရေးအတွက် အဓိကဖြစ်ပေသည်။
သို့သော် မြတ်စွာဘုရားသည် လူ့ဘောင်လောကတွင် နေထိုင်ကြပြီး ရတနာသုံးပါးကို အားထားယုံကြည် ကြကုန်သော အိမ်ယာတည်ထောင် လူ့ဘောင်လောက လူသားများ၏ လောကီစီးပွားတိုးတက်ချမ်းသာရေး၊ လူမှုရေး၊ အိမ်ထောင်ရေး စသည်တို့အတွက်လည်း တရားနည်းလမ်းကျကျ ညွှန်ပြတော်မှုပါသည်။ သိင်္ဂါလောဝါဒသုတ်၊ မင်္ဂလသုတ်၊ ၀သလသုတ် စသော သုတ်ဒေသနာတော် တို့သည်ကား မြတ်စွာဘုရား၏ လူမှုရေး လမ်းညွှန်တရားများပင် ဖြစ်လေသည်။
No comments:
Post a Comment