ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 27 August 2010

အနန္တငါးပါးကျေးဇူး



လောကလူသားတို့အတွက် ကျေးဇူးကြီးမားသော အရာငါးမျိုးရှိသည်၊ ပေးဆပ်၍ မကုန်အောင် ကျေးဇူးများလှသောကြောင့် အနန္တငါးပါးဟု ခေါ်၏။ ဘုရား၊ တရား၊ သံဃာ၊ မိဘနှင့် ဆရာသမားများ ဖြစ်ကြသည်။



ဘုရား၊ တရား၊ သံဃာ ရတနာတော် မြတ်သုံးပါ၏ ကျေးဇူးကား အကြီးမားဆုံးဖြစ်၏။ အတုမဲ့ ဖြစ်၏၊ သံသရာတလျောက်လုံး ဘေးရန်ကင်းကွာ၍ ကြီးပွားချမ်းသာစေနိုင်၏၊ ရတနာသုံးပါးပြီးလျှင် ကျေးဇူးကြီးမားသူများမှာ မိဘနှင့် ဆရာသမားတို့ ဖြစ်သည်၊ အနည်းဆုံး တစ်ဘ၀တာအတွင်း ဘေးကင်းချမ်းသာအောင် စောင်မ၊ လမ်းညွှန် ပေးနိုင်ကြ၏။



ကမ္ဘာ့လူသားတိုင်းအတွက် ရတနာသုံးပါးကို ထား၍ မိဘနှင့်ဆရာသမားတို့၏ ကျေးဇူးကိုမှု လူသားတိုင်း သိသင့်၏၊ ကျေးဇူးသိမှုသည် ပထမ၊ သိသည့်အတိုင်း ပေးဆပ်နိုင်မှုသည် ဒုတိယဖြစ်၍ သိလျှင်ပင် တော်လှပြီ၊ မိဘနှင့် ဆရာသမားတို့၏ ကျေးဇူးသိမှု ဆပ်မှုသည် ဘာသာတရားက ဟောပြောညွှန်ပြ၍ ဘာသာတရားအရသာလျှင် တုံ့ဆပ်ရသည်မဟုတ်၊ သတ္တလောက၏ သဘာဝတရားတစ်ခုလည်း ဖြစ်သည်၊ လူကို မဆိုထားဘိ၊ တိရစ္ဆာန်တို့ပင်လျှင် ဆရာ(အထူးသဖြင့်) မိဘကျေးဇူးကို သိကြ၏၊ ကူညီပံ့ပိုးကြ၏၊ တုံ့ဆပ်ကြ၏။

No comments:

Post a Comment