ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 26 August 2010

လောကီသရဏံဂုံဟာလဲ တစ်ခါဆောက်တည်ထားရင် ဘာသာပြောင်းမှ သေမှ ပျက်စီးတယ်ဆိုရင် အခု ဗုဒ္ဓဘာသာတွေ နေ့စဉ်ဆောက်တည်နေတော့ အပိုဖြစ်မနေဘူလား။ ကျမ်းဂန်တွေမှာလဲ တစ်ကြ

တစ်ကြိမ်ဆောက်တည်ထားတဲ့ လောကီသရဏဂုံဟာ ဘာသာပြောင်းမှ။ သေမှ ပျက်စီးတာ မှန်ပါတယ်။ ကျမ်းဂန်တွေမှာလဲ ယနေ့မှစ၍ အသက်ထက်ဆုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ တစ်ကြိမ်သာ ဆောက်တည်တာမှန်ပါတယ်။

ဒါကြောင့် တစ်ခါဆောက်တည်ပြီးရင် ထပ်မဆောက်တည်လဲ ရပါတယ်။

ဒါပေမယ့် ဗုဒ္ဒဘာသာတွေ သရဏဂုံကို အကြိမ်ကြိမ်ဆောက်တည်တဲ့ အတွက် အပြစ်မရှိပါဘူး။ တစ်ကြိမ်ဆောက်တည်တဲ့ အတွက် တစ်ခါပဲ ကုသလိုလ်ရပါမယ်။ အခု အကြိမ်ကြိမ်ဆောက်တည်တဲ့ အတွက် အကြိမ်ကြိမ် ကုသိုလ်ရပါတယ်။ ပဋ္ဌာန်း ၂၄-ပစ္စည်းမှာ အာသေ၀နပစ္စည်းဆိုတာ ရှိတယ်။ ကုသိုလ်ကောင်းမှုကို ထပ်ခါထပ်ခါ ပြုလုပ်ခြင်း၊ တစ်ခါ လုပ်ထားတဲ့ ကုသိုလ်ကို ထပ်ခါထပ်ခါ သတိရပွားများနေခြင်းဖြင့် ကုသိုလ်ဟာ အင်အားကြီးမားလာတယ်။ ဒီလို ကုသိုလ်အင်အား ကြီးမားလာအောင်လို့ သရဏဂုံကို အထပ်ထပ် တည်ဆောက်စေတာ ဖြစ်ပါတယ်။

No comments:

Post a Comment