မိဘတို့သည် မိမိတို့ ရင်သွေးများ စကားမပြောတတ်မီကပင် သင်ပြပေးခဲ့ကြရ၏။ သွားပုံ၊ လာပုံ၊ လမ်းလျှောက်ပုံ၊ ဦးတော်လုပ်ပုံ၊ အမေအဖေခေါ်ပုံမှအစ အရွယ်အလိုက် ပြောဆိုပြုမှုပုံများကို ဘာမျှ လိုလေသေးမရှိ၊ အကွက်စေ့အောင် သင်ပြပေးခဲ့ကြရသဖြင့် မိဘနှစ်ပါးကို “လက်ဦးဆရာ”ဟုပင် မြတ်စွာဘုရား ဟောတော်မှုထားသည်။
သားသမီးများ အိမ်ထောင်ကျသွားကြသော်လည်း အိမ်ခွဲရန်မလိုလား၊ မိဘရိုးရာ အလုပ်အကိုင်များကို လုပ်တတ်အောင်၊ အရင်းအနှီးစုဆောင်းမိအောင် မိမိတို့နှင့်အတူ ထားကာ သေသည့်နေ့အထိ သင်ပြပေးသွားကြလေသည်။
ကြက်သားပေါက်ကလေများကို မိခင်ကြက်မကြီးသည် မိမိတောင်ပံနှစ်ဘက်ဖြင့် ထွေးပိုက်ကာ အမြဲတမ်း မိခင်မေတ္တာများ မွမ်းထုံပေးသကဲ့သို့ ရှိပေသည်။ ကြက်မကြီးသည် မိမိကြက်သားငယ်များအာ ပျံတတ်၊ ပြေးတတ်၊ ရန်သူကို၊ ရှောင်တတ်၊ ယက်၍ အစာရှာတတ်အောင်လည်း သင်ပြပေး၏။ မိဘတို့မေတ္တာကား ကြီးမားလှပေ၏။
No comments:
Post a Comment