Thursday, 12 August 2010

မယောဂဆရာ၊ အတက်လမ်းဆရာတွေ သုံးနေတဲ့ ဘုရားငါးဆူ အမိန့်တော်ဆိုတာ ဘယ်တရားတွေပါလဲ ?

အခုတည်ဆဲ ကမ္ဘာကြီးဟာ ဘုရားငါးဆူပွင့်မှာ ဖြစ်တဲ့အတွက် ဘဒ္ဒကမ္ဘာလို့ ခေါ်တယ် ။အဲဒီ ဘုရားငါးဆူအနက် အကုသံ၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဆိုတဲ့ ဘုရားလေးဆူပွင့်ပြီးပြီ၊ အရိမေတ္တယျ ဘုရားတစ်ဆူ ပွင့်ဖို့ကျန်သေးတယ်။ ပွင်ပြီးလေးဆူနဲ့ ပွင့်လတ္တံ တစ်ဆူကို ပေါင်းပြီး ဘုရားငါးဆူ အမိန့်တော်လို့ သုံးကြခြင်းဖြစ်တယ်။ အချို့ဓမ္မာရုံတွေမှာ ဘုရားငါးဆူပုံ ထုလုပ်ကိုးကွယ်ကြတာ ဖြစ်တယ်။


အချို့မုခ်ပေါက်လေးခုရှိတဲ့ ပုဂံအာနန္ဒာနဲ့ မန္တလေးအာနန္ဒာလိုဏ်ဂူ ဘုရားတွေမှာ ဘုရားလေးဆူ ကိုးကွယ်တာကတော့ ပွင့်ပြီး ဘုရားလေးဆူကိုရည်မှန်းပူဇော်ကြခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment