Wednesday, 11 August 2010

ဘုရားရှင်ဟာ ဘုရားဖြစ်ဖြစ်ချင်း ဘာဖြစ်လို့ “အနေကဇာတိသံသာရံ” ဆိုဆိုတဲ့ ဥဒါန်းဂါထာကိုကျူးရင့်တော်မှုပါသလဲ။ မြန်မာလို အဓိပ္ပာယ်ဘ်ုလိုပါလဲ ?

ဘုရားရှင်ဟာ ဘုရားအဖြစ်ရတော်မှုပြီးတာနဲ့ တစ်ပြိုင်နက်…


ငါသည် သမ္မာသမ္ဗုဒ္ဓံ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်ပြီ၊ ငါသည် ကြီးစွာသော သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ပြီ။ ငါသည် သတ္တ၀ါအပေါင်းကို ဘ၀သုံးပါးမှ လွတ်မြောက်အောင် တရားဟောတော်မှုနိုင်ပြီလို့ ဆင်ခြင်ပြီး နှစ်သက်အားရမှု ပီတိဖြစ်တော်မှုတယ်။ ထိုပီတိစိတ်ဖြင့် “အနေကဇာတိသံသာရံ” စတဲ့ ဥဒါန်းဂါထာတွေကို ကျူးရင့်တော်မှုခဲ့ခြင်း ဖြစ်တယ်။ အဲဒီဥဒါန်းကိုပဲ ဘုရားရှင် ပထမဆုံး ကျူးရင့်တဲ့ ဒေသနာတော်ဖြစ်လို့ “ပထမ ဗုဒ္ဓ၀စန = ပထမဆုံး ဘုရားစကားတော်” လို့လဲ ခေါ်ကြပါတယ်။

No comments:

Post a Comment