Wednesday, 11 August 2010

ရုပ်ပွားဆင်းတုတော်တွေကို အနေကဇာမတင်ပဲ မကိုးကွယ် ကောင်းဘူးလား ?

ရုပ်ပွားဆင်းတုတော်တွေကို အနေကဇာမတင်ပဲ ကိုးကွယ်ကောင်းပါတယ်။ အနေကဇာတင်တာနဲ့ ပတ်သက်ပြီး ပိဋကတ်အစဉ်အလာ မတွေ့ရပါဘူး။ ရှေးခေတ် မြန်မာကြီးတွေက တီထွင်လိုက်နာခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ဖြစ်ပါတယ်။ မြတ်စွာဘုရားသခင်ဟာ သဗ္ဗညုတဥာဏ်ကိုရလို့ ဘုရားဖြစ်တော်မှုပြီးတဲ့အခါ အားရကျေနပ်တော်မှုတဲ့အတွက် “အနေကဇာတိသံသာရံ သန္ဓာဝိဿံ အနိဗ္ဗိသံ” စတဲ့ ဂါထာတော်ကို စိတ်တော်ထဲမှာ ကျူးရင့်တော်မှုပါတယ်။ အခုရုပ်ပွားဆင်းတုတော် အသစ်ကို စတင်ပူဇော်တဲ့အခါ မှုလက သာမန်ပန်းပုရုပ်တု တခုအဖြစ်မှ သက်တော်ထင်ရှား ဘုရားရှင်ရဲ့ ကိုယ်စား ဥဒ္ဒိဿစေတီဖြစ်လာပြီဆိုတဲ့ အဓိပ္ပာယ်နဲ့ သက်တော်ထင်ရှား ဘုရားရှင်စိတ်တော်မှာ ရွတ်ဆိုသီကျူးခဲ့တဲ့ “အနေကဇာတိ သံသာရဲ” ဂါထာတော်ကို ဘုရားရှင် ကိုယ်စားရဟန်းတော်တွေက ရွတ်ပေးခြင်း ဖြစ်တယ်။ အနေကဇာတိသံသာရံကို ရွတ်ဆိုပြီး ဘုရားအဖြစ် ကိုးကွယ်လို့ရပါတယ်။ ဘိသိတ်သွန်း အခမ်းအနား ကျင်းပကြတဲ့ သဘောပါပဲ။

No comments:

Post a Comment