Monday, 9 August 2010

ဘုရားရှင်ဟာ ဘုရားဖြစ်ပြီး နောက်ပိုင်းမှာ မကိုဋ်သရဖူ စလွယ်တွေကို ၀တ်ဆင်ပါသေးသလား။ ၀တ်ဆင်ထားတဲ့ ဆင်းတုတော်ပုံတွေ ဘာကြောင့် ရှိနေပါသလဲ?

ဘုရားရှင်ဟာ ဘုရားဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ မကိုဋ်သရဖူ၊ စလွယ်တွေကို ၀တ်ဆင်တယ်လို့ ပိဋကတ်မှာ မတွေ့ရပါဘူး။ ၀တ်ဆင်ဖို့ အကြောင်းလဲ မရှိပါဘူး။


ဒါပေမယ့် ငါဘုရားသည် မင်းပရိသတ်အမျိုးမျိုးထံ ချဉ်းကပ်ဖူးတယ်။ ထိုသို့ ချဉ်းကပ်စဉ် ထိုမင်းတို့၏ အဆင်းအသွင်ကဲ့သို့ပင် ငါဘုရား၏ အဆင်းအသွင်ရှိတယ်ဟူသော စကားတော်အရ အခုအခါ အချို့ ရုပ်ပွားဆင်းတုတော်တွေမျာ မကိုဋ်၊ သရဖူ၊ စလွယ်တွေနဲ့ တွေ့ရတာကတော့ ဘုရားရှင် ကြည်ညိုတဲ့အတွက် ပိုပြီး သပ္ပာယ်အောင် စိန်၊ ကျောက်၊ ပတ္တမြားတွေ စီထားတဲ့ မကိုဋ်၊ သရဖူ၊ စလွယ်တွေနဲ့ ဆင်မြန်းထားပုံရပါတယ်။

No comments:

Post a Comment