တထာဂဟဥဒါနဒီပနီခေါ် ဗုဒ္ဓ၀င်ကျမ်းမှာ ဇမ္ဓုပတိချွတ်ခန်းအကြောင်းပါတယ်။ ဒီဇာတ်လမ်းကိုလည်း ဇင်းမယ်ပဏ္ဏာသကျမ်းက ယူပြီး ရေးတယ်လို့ အမှာပြထားပါတယ်။ အခု မြန်မာပြည်ရှိ ဇင်းမယ်ပဏ္ဏာသ စာအုပ်မှာတော့ ဇမ္ဓုပတိချွတ်ခန်းအကြောင်းကို လုံးဝ မတွေ့ရ ဘူးလို့ဆိုပါတယ်။ ရှေးဟောင်း ပုရာဏ်ကျမ်းတစ်ကျမ်းက ယူပြီး ရေးထားတာ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဇင်းမယ်ပဏ္ဏာသ ဆိုတာကလဲ ပိဋက သုံးပုံစာရင်းဝင်တဲ့ကျမ်း မဟုတ်ဘူး။ ငါးရာ့ ငါးဆယ် ဇာတ်တော်တွေကို နည်းမှီပြီး မဟာယာနဂိုဏ်းဝင် ဆရာတော်တစ်ပါးက ရေးသားထားတဲ့ ဘာသာရေး ပုံဝတ္ထု စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီဇမ္ပုပတိချွတ်ခန်းခေါ်တဲ့ မကိုဋ် စလွယ်ပါ ပုံတော်နဲ့ ပတ်သက်လို့ ကျမ်း အခိုင်အမာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဒီပုံတော်ဟာ ခမ်းခမ်းနားနား လှလှပပရှိပြီးဖူးမြော်သူရဲ့စိတ်ကို ကြည်နှုးနှစ်သက်စေဖို့ အတွက် ရှေးပညာရှိကြီးများက တီထွင်ခဲ့တဲ့ပုံပဲလို့ မှတ်ပြီး ကိုးကွယ်ထိုက်ပါတယ်။
No comments:
Post a Comment