Monday, 20 September 2010

ကိုယ့်ကိုယ်ကို မေတ္တာပို့ပြီး ဘယ်သူ့ကို ပို့ရမလဲ?

ကိုယ့်ကိုယ်ကို မေတ္တာပို့ပြီးရင် မိမိ ချစ်ခင်မြတ်နိုးတဲ့ ချီးမွမ်းဖွယ် အလေးပြုဖွယ်ကောင်းတဲ့ ဆရာသမား ကျေးဇူးရှင် စသည်တို့ကို ပို့ရမယ်။ အဲဒီ ချစ်ခင်လေးစားတဲ့ ပုဂ္ဂိုလ်ရဲ့ အကျင့်သီလ၊ အကြားအမြင် ဗဟုသုတ ရှိပုံတွေကို စိတ်မှာအောက်မေ့ပြီး ငါရဲ့ဆရ....သည် ဘေးရန်ကင်းပါစေ၊ စိုးရိမ်ကင်းပါစေ၊ ဆင်းရဲကင်းပါစေ၊ ကိုယ်ရောစိတ်ပါ ချမ်းသာအေးမြပါစေလို့ မေတ္တာလေးချက်ပို့ရမယ်။

ချစ်ခင်လေးစားတဲ့ လူကို မေတ္တာပို့ပြီးရင် သိပ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်ကို မေတ္တာပွားရမယ်၊ ပြီးတော့ အလယ်အလတ် ချစ်ခင်တဲ့သူကို မေတ္တာပွားရမယ်၊ ပြီးတော့ကိုယ့်မှာ ရန်သူရှိရင် ရန်သူကို မေတ္တာပွားရမယ်။ ရန်သူ မရှိရင် ရန်သူကို ပွားစရာမလိုဘူး။ ရန်သူကို ပွားရမယ်ဆိုလို့ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ရန်သူအဖြစ်နဲ့ သတ်မှတ်ပြီး ရန်သူမဖြစ်ဖြစ်အောင် လုပ်ပြီးပွားးစရာမလိုပါဘူး။ အခုလို ကိုယ့်ကိုပထမ၊ ချစ်ခင်လေးစားသူ ဒုတိယ၊ အလွန်ချစ်သူ တတိယ၊ အလတ်ချစ်သူ စတုတ၊္ထ ရန်သူကို ပဉ္စမ ပို့ရမယ်ဆိုတာက မေတ္တာဘာဝနာကို ပွားများမယ့် မေတ္တာကမ္မဌာန်းထိုင်မယ့် ပုဂ္ဂိုလ်တွေအတွက် ဖြစ်ပါတယ်။

No comments:

Post a Comment