မေတ္တာပို့မယ့်လူဟာ ပထမဆုံး ကိုယ့်ကိုယ်ကို မေတ္တာပို့ရမယ်။ ပို့နည်းကတော့ -
အဟံ အဝေရော ဟောမိ၊ ငါသည် ရန်ကင်းပါစေ၊
အဗျာပဇ္စျော ဟောမိ၊ စိုးရိမ်ကင်းပါစေ၊
အနီဃော ဟောမိ၊ ဆင်းရဲကင်းပါစေ၊
သုခီ အတ္တာနံ ပရိဟရာမိ၊ ချမ်းသာပါစေ - လို့ ပို့ရပါမယ်။
ဘာကြောင့် ကိုယ့်ကိုယ်ကို ပထမပို့ရသလဲဆိုတော့ ငါဟာ ရန်ကင်းချင်တယ်။ ဆင်းရဲကင်းပြီး ချမ်းသာချင်တယ်။ အသက်ရှည်ချင်တယ်။ ငါ့လိုပဲ အခြားသတ္တ၀ါတွေလဲ ချမ်းသာချင်မယ်။ အသက်ရှည်ချင်မယ်လို့ ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်မယ်။ ဒီကိုယ်ချင်းစာ စိတ်ဟာ မေတ္တာစိတ်ကို ဖြစ်ပေါ်စေမယ်။ ဒါကြောင့် မေတ္တာပျိုးတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို ပထမမဆုံး မေတ္တာပို့ရပါမယ်။
No comments:
Post a Comment