Monday, 20 September 2010

ဘယ်ပုဂ္ဂိုလ်တွေကို မေတ္တာစပို့လို့ မရဘူးလဲ၊ ဘာကြောင့်လဲ?

လုံးဝမချစ်ခင်တဲ့ပုဂ္ဂိုလ်၊ သိပ်ပြီးစွဲလမ်းချစ်ခင်နေတဲ့ပုဂ္ဂိုလ်၊ အလတ်စားချစ်ခင်နေတဲ့ပုဂ္ဂိုလ်၊ ရန်သူပုဂ္ဂိုလ်၊ ဒီလေးယောက်ကို မေတ္တာစမပို့ရဘူး။ ဘာကြောင့်လဲဆိုတော့ လုံးဝမချစ်မခင်တဲ့ သာမန်လူ တစ်ယောက်ကို မေတ္တာစိတ် သက်ဝင်ပွားများဖို့ မလွယ်လို့ဖြစ်ပါတယ်။ သိပ်ပြီးချစ်ခင် စွဲလမ်းနေတဲ့ လူကျတော့လဲ ပြင်းထန်တဲ့ တဏှာချစ်ကနေ ပျော့ပျောင်းနူးညံ့တဲ့ မေတ္တာအဖြစ် ပြန်ပြောင်းဖို့ မလွယ်တဲ့အတွက် ဖြစ်ပါတယ်။

အလယ်အလတ် ချစ်ခင်တဲ့လူကိုလဲ စစချင်း မေတ္တာအရှိန် မရခင်မှာ မေတ္တာစိတ် သက်ဝင်ပွားများဖို့ မလွယ်လို့ပါပဲ။ ရန်သူအပေါ်မျာ မေတ္တာထားဖို့ မလွယ်တာကတော့ အထင်ရှားဆုံးဖြစ်လို့ ဒီပုဂ္ဂိုလ်လေးယောက်ကို မေတ္တာစမပို့ရပါဘူး။ အခြား ပုဂ္ဂိုလ်တွေပို့ပြီးလို့ မေတ္တာအရှိန် ရလာတဲ့အခါကျတော့ အဲဒီ ပုဂ္ဂိုလ်လေးယောက်ကိုလဲ မေတ္တာပို့ရပါတယ်။ မေတ္တာပို့ အစတွင်တော့ ဒီလေးယောက်ကို အရင်မပို့ရပါဘူး။

No comments:

Post a Comment