Monday, 20 September 2010

မေတ္တာရဲ့ အနီးကပ်ရန်သူနဲ့ အဝေးရန်သူတွေဟာ ဘာတွေလဲ?

ဝဉ္စနာတရား(၃၇)ပါးထဲမှာ တဏှာပေမ ဂေဟသိတပေမခေါ် အိမ်သူ အိမ်သားချစ်ဟာ မေတ္တာအယောင်ဆောင်ပြီး လူသားတွေကို လှည့်ပတ်တတ်တယ်လို့ ပြထားပါတယ်။ အဲဒီတဏှာချစ် မေတ္တာအတုဟာ အနီးရန်သူဖြစ်ပါတယ်။

ဒေါသစိတ်ကတော့ အဝေးရန်သူဖြစ်ပါတယ်။ အဝေးရန်သူ ၀င်ရောက်လာတာကိုတော့ ကိုယ် ကိုယ်တိုင်ရော၊ ဘေးလူကရော အလွယ်တကူ သိနိုင်ပေမယ့် အယောင်ဆောင်ပြီး ၀င်လာတဲ့ မေတ္တာတု အနီးရန်သူ ၀င်လာတာကိုတော့ ဘေးလူလဲ သိဖို့ ခဲယဉ်းပါတယ်၊ ကာယကံရှင်ကိုယ်တိုင် တောင်မှ ဘယ်အချိန်မှာ ဘယ်လိုဝင်လာမှန်း မသိလိုက်ကြဘူး၊ ဒါကြောင့် မေတ္တာဘာဝနာ ပွားတဲ့နေရာမှာ အဝေးရန်သူရော အနီးရန်သူပါ မဖျက်ဆီးနိုင်ဖို့ အထူးသတိပြုရပါမယ်။

No comments:

Post a Comment