Monday, 20 September 2010

မိဘက သားသမီးကို ချစ်တာဟာ မေတ္တာချစ်လား၊ တဏှာချစ်လား?

မိဘက သားသမီးကိုချစ်တာ၊ သားသမီးက မိဘကိုချစ်တာ၊ လင်မယားဆွေမျိုးသားချင်း အပြန်အလှန် ချစ်ကြတာဟာ သံယောဇဉ်မကင်းတဲ့ တဏှာချစ်ဖြစ်ပါတယ်။ ကျမ်းဂန်တွေမှာတော့ ဂေဟသိတပေမ= အိမ်မှာမှီတဲ့အချစ်၊ အိမ်သူ အိမ်သားချစ်လို့ ခေါ်ပါတယ်။ ဘုရားရှင်ရဲ့ ဖွားဘက်တော်ငယ်ကျွန်ကြီး ဆန္နမထေရ်ဟာ ဘုရားရှင်ကို ဂေဟသိတပေမနဲ့ ချစ်ခင်နေတဲ့အတွက် ဘုရား သက်တော်ထင်ရှားရှိ တုန်းမှာ တရားထူးမရဘူး။ ဘုရား ပရိနိဗ္ဗာန်စံပြီးမှ တရားထူးရပါတယ်။ ဒီ အိမ်သူအိမ်သားချစ်၊ သမီးရည်းစားချစ်မျိုးကို မေတ္တာတုလို့ ခေါ်ပါတယ်။

မိဘ သားသမီး ညီအစ်ကိုမောင်နှမအချင်းချင်း မေတ္တာစစ်နဲ့ မချစ်နိုင်ဘူးလို့တော့ မမှတ်ရပါဘူး၊ အထူးသဖြင့် မိဘက သားသမီး၊ သားသမီးက မိဘအပေါ်မှာ အကျိုးစီးပွား လိုလားနေတာ၊ ကျန်းမာစေလိုတာဟာ အေးမြကြည်လင်တဲ့ မေတ္တာဖြစ်ပါတယ်။ လိပ်မကြီးဟာ သဲထဲမှာဥထားပြီး အဝေးကမေတ္တာပို့နေလို့ ဥတွေဟာ မပုပ်ဘူးလို့ ဆိုပါတယ်၊ မိခင်ရဲ့မေတ္တာကြောင့် အမိရဲ့သွေးဟာနို့ရည် ဖြစ်သွားရတယ်လို့ လိုပါတယ်၊ သားငယ်ကို နို့တိုက်နေတဲ့ နွားမကြီးကို မုဆိုးက လှံနဲ့ထိုးတာ လှံဟာမစူးပဲ ထန်းရွက်လို ပျော့ခွေကျသွားတယ်လို့ ၀ိသုဒ္ဓိမဂ်မှာ ပြထားပါတယ်။ ဒါကြောင့် အိမ်သူအိမ်သားအချင်းချင်း မေတ္တာစစ်နဲ့ ချစ်နိုင်တယ်လို့ မှတ်သားနိုင်ပါတယ်။

No comments:

Post a Comment