Saturday, 4 September 2010

ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ နေ့စဉ်လုပ်ငန်းမှာ ငါးပါးသီလခံပြီး ဘာလုပ်ရပါသလဲ ?


ငါးပါးသီလခံပြီးရင် ဘုရားရှိခိုးရပါတယ်။ ဘုရားရှိခိုးတယ်ဆိုပေမယ့် ဘုရားရော၊ တရားရော၊ သံဃာရော ရတနာ သုံးပါးကို ရှိခိုးကြတာပဲ။ ဒါကြောင့် ဘုရားရှိခိုး စကတည်းက ဗုဒ္ဓံ ပူဇေမိ=ဘုရားကို ပူဇော်ပါ၏။ ဓမ္မံ ပူဇေမိ=တရား တော်ကို ရှိခိုးပူဇော်ပါ၏။ သံဃံ ပူဇေမိ=သံဃာတော်မြတ်ကို ရှိခိုးပူဇော်ပါ၏လို့ ရတနာသုံးပါးကို ရှိခိုးကြတာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်မှာ ရေးခဲ့ကြတဲ့ ဘုရားရှိခိုးစာအုပ်တွေမှာတော့ ဘုရားဂုဏ်တော်တွေကို ဖော်ကျူးတဲ့ ဘုရားဂုဏ်တော်အဖွင့်တွေက များပါတယ်။ တရားတော်နဲ့ သံဃာတော်ရဲ့ ဂုဏ်တော်တွေကို ဖော်ကျူးတဲ့ တရား၊ သံဃာဂုဏ်တော်ဖွင့်တွေလဲ အနည်းအကျဉ်းတော့ ပါပါတယ်။ ဒါကြောင့် ဘုရားရှိခိုးဆိုတာ ရတနာသုံးပါးကို ရှိခိုးပူ ဖော်တာလို့ မှတ်နိုင်ပါတယ်။

No comments:

Post a Comment