Saturday, 4 September 2010

ဘုရားရှိခိုးတယ်ဆိုတာ ဘာလဲ?

သုတ္တန်ဒေသနာတော်နည်းအရ ပြောရရင်တော့ တိကအင်္ဂုတ္တိုရ်မှာ ဘုရားရှင်ဟောတော်မှုတဲ့အတိုင်း...

၁။ ပုဆစ်ဒူးတုပ် လက်အုပ်ချီမိုးပြီး ဒူးနှစ်ဘက်၊ လက်ဝါးနှစ်ဘက်၊ နဖူးပြင်ဆိုတဲ့ အင်္ဂါငါးခုကို ကြမ်းပြင်မှာ ထိပြီး ရှိခိုးတဲ့ ကိုယ်ထိလက်ရောက်ရှိခိုးတာ။

၂။ အစိန္တေယျ၊ အပ္ပမေယျစတဲ့ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ဖော်ကျူးစပ်ဆိုထားတဲ့ ဂုဏ်တော်တွေ ရွတ်ဆို ပြီး နှုတ်ဖြင့် အသံထွက် ရှိခိုးပူဇော်တာ။

၃။ ကိုယ်နှုတ်မပါ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ အောက်မေ့ပူဇော်တာ။

ဒီလို ကိုယ်၊ နှုတ်၊ စိတ်သုံးပါးနဲ့ ရတနာသုံးပါးကို ကြည်ညိုလေးစားနေတာကို ရှိခိုးတယ်လို့ခေါ်ပါတယ်။

No comments:

Post a Comment