Saturday, 4 September 2010

အဘိဓမ္မာနည်း၊ ပရမတ္ထနည်းအရ ဘုရားရှိခိုးတယ်ဆိုတာ ဘာလဲ ?

ဘုရားရှင်ရဲ့ ဂုဏ်တော် တရားတော်၊ သံဃာတော်တွေရဲ့ ဂုဏ်တော်တွေကို ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာဖြစ်ပေါ်လာတဲ့ ရှိခိုးဦးတိုက်လိုတဲ့ စေတနာကို ဘုရားရှိခိုးတယ်လို့ ခေါ်ပါတယ်။

ဝန္ဒနာနာမ ပဏာမကြီယာဘိ နိပ္ဖါဒိကာ ကုသလ စေတနာ=ရှိခိုးတယ်ဆိုတာ ရှိခိုးမှုကို ပြီးစေတတ်တဲ့ ကုသိုလ် စေတနာသာ ဖြစ်တယ်ဆိုတဲ့ ဋီကာဆရာစကားအရ ကုသိုလ်စေတနာကို ရှိခိုးခြင်းအရ ကောက်ယူရတယ်။

No comments:

Post a Comment