Wednesday, 22 September 2010

မေတ္တာပို့ပြီးရင် ဘာဆက်လုပ်ရပါသလဲ?

မေတ္တာပို့ပြီးရင် အမျှဝေရပါတယ်။ အမျှဝေတယ်ဆိုတာက ကိုယ်ရရှိပြီးတဲ့ ကုသိုလ်ကောင်းမှုကို သတ္တ၀ါအားလုံးကို ကိုယ်နှင့်ထပ်တူရပါစေလို့ ထပ်ဆင့်ပေးဝေတာ ဖြစ်ပါတယ်။ ပါဠိလိုတော့ ပတ္တိဒါနလို့ ခေါ်ပါတယ်။ ရပြီးသား ကုသိုလ်ကို ပေးဝေခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ်နဲ့အညီအမျှရပါစေလို့ ပေးဝေတာဖြစ်လို့ မြန်မာတွေကတော့ အမျှဝေတယ်လို့ ခေါ်ပါတယ်။

ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ နေ့စဉ်လုပ်ငန်းမှာ သရဏဂုံနှင့်တကွ ငါးပါးသီလကို ဆောက်တည်ကာ သီလကုသိုလ်ပြုပြီးပြီ၊ ဆွမ်း၊ ပန်း၊ ရေချမ်း။ ဆီမီးတွေ ဆက်ကပ်လှူဒါန်းပူဇော်မှု ပဏာမကုသိုလ်တွေပြုပြီးပြီ၊ ပရိတ်ရွတ်မေတ္တာပို့ကာ ဘ၀နာကုသိုလ်တွေပြုပြီးပြီ၊ အဲဒီ မိမိပိုင်ပြီးတဲ့ ဒါန၊ သီလ၊ ဘာဝနာနဲ့ ရတနာသုံးပါး ရှိခိုးတဲ့ ကုသိုလ်တွေကို မိမိနဲ့ထပ်တူ အခြားသူတွေလဲ ရကြပါစေလို့ ကုသိုလ်တွေကို တစ်ဆင့်ဖြန့်ဝေ လှူဒါန်းတာကို အမျှဝေတယ်လို့ ခေါ်ပါတယ်။

No comments:

Post a Comment