Saturday, 30 October 2010

ထနောင်း

မြန်မာအမည် - ထနောင်း

အပင်လတ်မျိုး ဖြစ်သည်။ အမြင့်ပေ ၄၀အ ထိ မြင့်သည်။ ပင်စည် လုံးပတ် ၄-ပေခန့် အထိ ရှိသည်။ နှစ်ခါငှက်မွေး ရွက်ပေါင်း ဖြစ်သည်။ ၁-ပေ မှ ၁-ပေခွဲခန့် အထိရှိသည်။ အပွင့်တံများ ရှိ၍ ၀င်းဝါ မွှေးကြိုင်သော ဖြူဝါ၀ါ အပွင့်များ ပွင့်သည်။ မြန်မာပြည်အလယ်ပိုင်း မိုးခေါင် ရေရှားရပ်ဝန်း ဒေသနှင့် ရှမ်းပြည်နယ်တို့တွင် ပေါက်ရောက်သည်။ အရွက်သည် ဖန်၍ ဆိမ့်သော အရသာ ရှိသည်။

အရွက်နုကို ပြုတ်၍ စားနိုင်သည်။ ထနောင်းရွက်ကို အခြောက်ပြုလုပ်၍ လက်ဖက်ခြောက် အဖြစ် သောက်ပါက ဆီးပူ၊ ဆီးနည်းရောဂါ ပျောက်ကင်းသည်။ နွေရာသီတွင် အရွက်နုများ စားသုံးနိုင်သည်။

No comments:

Post a Comment