Saturday, 30 October 2010

သီဟိုဠ်သရက်

မြန်မာအမည် - သီဟိုဠ်သရက်

ပင်စည်သည်ပြန့်ဖြာလျက်ရှိပြီး ပင်စည်မှ နို့အရောင် အစေးများထွက်သည်။ အရွက်ဘဲဥပုံရှိသည်။ ရွက်ထိပ်ပိုင်း ချိုင့်သည်။ အလက်နုသော အကိုင်းတို့၏ ထိပ်မှ ပန်းပွင့်သည်။ အပွင့်သည် မွှေးကြိုင်သည်။ အသီးမှာ နှစ်ပိုင်းဖြစ်သည်။ မှည့်သောအခါ နီဝါရောင် ရှိသည်။ အသီးမှည့်ကို စားနိုင်ပြီး အရသာမှာ ချို၍ အနည်းငယ် ဖန်သည်။ ဒုတိယပိုင်းဖြစ်သည့် အစေ့သည် ၁-လက်မ မှ ၁ ဒသမ ၅-လက်မ အထိရှည်၍ အသီး၏ အပြင်ဘက်တွင် နေသည်။ အစေ့ကို လှော်စားနိုင်သည်။ အစေ့ခွန်သည်ခါး၍ အဆိပ်ပါရှိသည်။ အရွက်နုကိုလည်း တို့မြှုပ်စားနိုင်သည်။ အသီးမှည့်ကို မိုးဦးကျတွင် စားသုံးနိုင်သည်။ အရွက်နုကို ရာသီမရွေး စားနိုင်သည်။ အသီး၏ သတ္တုရည်ဖြင့် အနာပေါက်ကို ထည့်လိမ်းပေးပါက အနာပျောက်ကင်းသည်။

No comments:

Post a Comment