မြန်မာအမည် - မက်လင်ပင်
ရုက္ခဗေဒအမည် - အက်ဒမ်ကိုနီးယား ဒစ်းဂျီး တေးတာ
မက်လင်ပင်ကို မြန်မာနိုင်ငံ အထက်ပိုင်းတွင် ပေါက်ရောက်သည်ကို တွေ့ရသည်။ မက်လင်သီးကို လျက်ဆား ဖော်ရာ၌ အသုံးပြု၍ ထိုလျက်ဆားကို မက်လင်ချဉ် လျက်ဆားဟုခေါ်သည်။ အချို့သော ဒေသတွင် အချဉ်ဟင်း ချက်ရာ၌ မက်လင်ချဉ်သီးကို အသုံးပြုသည်။
မြန်မာ့ဆေးကျမ်းအရ မက်လင်ချဉ်သီးသည် အလွန်ချဉ်သည်။ ၀မ်းချုပ်၊ လေချုပ် ရောဂါများ၊ သလိပ်နာ၊ လေနာတို့ကို နိုင်၏။ အစာကို ကြေလွယ်စေ၏။ ၀မ်းမီးးကို ကောင်းစေ၏။ ကျင်ကြီး ကျင်ငယ်ကို ဖျက်၍ အောက်သို့ ထုတ်တတ်၏။ နှလုံးနှင့် ဆိုင်သော အနာ၊ ဘေးထိုး၊ ရင်ကြပ်နာ၊ ရင်ဘတ်နာ၊ ဂူနာတို့ကို နိုင်၏။ မောဟိုက်ခြင်း၊ ချောင်းဆိုး၊ ရင်ကြပ်၊ ပန်းနာ၊ အစာမကြေရောဂါ။ အော့အန်ခြင်း တို့ကို ပျောက်စေ၏ဟု ပါရှိပါသည်။
No comments:
Post a Comment