
ခလုတ် ထိမှ၊ အမိတ တဲ့
ခလုတ် မထိ၊ ဆူး မငြိလျှင်
မိခင်ကိုမေ့၊ လူ့ဓလေ့။
မတော်တဆ
ထိရှဒဏ်ရာ၊ ခံခက်ပါမှု
မျက်နှာရူံတွ၊ စုတ်သပ်ကြပေ
“အမေ-အမေ-အမေရေ” တဲ့။
မကျန်းမမာ၊ ဝေဒနာစွဲ
ရင်ထဲထိရှ၊ ညည်းညူကြပေ
“အမေ-အမေ-အမေရေ” တဲ့။
အမေ-အမေ
အမေ မရှိ၊ အဖေရှိလည်း
ရှိသည့် အဖေ၊ မေ့၍ နေကြ
အမေကို တ၊ သတိရ။
ခလုတ် ထိမှ၊ အမိတ တဲ့။
အမိကို တ၊ သတိရခြင်း
အကြောင်းရင်းကား
ကြီးမား မေတ္တာ စောင်းသံကြောင့်။
အမေကဗျာ၊ အလင်္ကာသည်
သြဇာ၊ ရသ စုံပြည့်ဝသည်
ရင်မှမေတ္တာ စောင်းသံကြောင့်။
No comments:
Post a Comment