Monday, 15 November 2010

“တက်မကိုင်”

Photobucket


ဘ၀နယ်မှာ

ဘယ်ဝယ်မသိ၊ မဆိုငြားခင်

ချစ်သမီးနူတ်ချို တီတာဆိုစဉ်။


နှစ်ဖြာမိဖ

မဆွလက်မွန်၊ ထူးချွန်စကား

ပြောကြားညွှန်ပြ ပြုတက်မှ။


ဖယောင်သဖွယ်

ကလေးငယ်ကို၊ မဖွယ်အသုံး

စကားလုံးနှင့်၊ ပြုံးချိုချစ်ကြင်

စကားသင်ကြ

မိခင် ဖခင် ကျေးဇူးရှင်။


ရသေ့ ကျွေးမွေး

ကျေးကလေးသည်၊ နူတ်ရေးလိမ္မာ

ယဉ်ကျေးစွာနှင့်၊ ကြွပါထိုင်ပါ

သုံးဆောင်ပါဟ

ပျူငှာခွန်းချို စကားဆိုသို့။


ဓားပြမွေးထား

ထိုကျေးသားသည်၊ စကားအရာ

ကြမ်းကြုတ်စွာနှင့်၊ ၀ိုင်းပါသတ်ပါ

ထိုးခုတ်ပါဟု

ယုတ်မာနူတ်သွား ဆိုသည့်လားသို့။


လက်ဦးဆရာ

တို့သူငါသည်၊ လိမ္မာ ဆိုးမိုက်

သည်စရိုက်ကို

စိတ်ကြိုက်ထိန်းနိုင် တက်မကိုင်။


သည်မိ သည်ဖ

ချစ်မ၀သည့်၊ မိမိရင်သွေး

အကလေးကို၊ ညစ်ကြေးမတင်

ပြစ်မမြင်ဘဲ ချစ်ကြင်မြဲ။

No comments:

Post a Comment