လက်ဖက်သုပ် (အလှူ)
ပါဝင်သောပစ္စည်းများ -
လက်ဖက်သားနုနု = ၅၀ ကျပ်သား
ကြက်သွန်ကြော် = ၅၀ကျပ်သား
နှမ်းလှော် = ၅၀ကျပ်သား
ပဲခြမ်းကြော် = ၅၀ကျပ်သား
ပဲကြီးခြမ်းကြော် = ၅၀ကျပ်သား
မြေပဲ = ၅၀ကျပ်သား
ဆီ = ၅၀ကျပ်သား
ဆား = သင့်တော်၇ုံ
ဟင်းခတ်မူန့် = သင့်တော်ရုံ
ပုစွန်ခြောက် = ၃၀ကျပ်သား
သံပရာသီး = ၁၀လုံး
ပြုလုပ်ပုံ -
- လက်ဖက်များကို ဆား၊ သံပရာသီးများဖြင့် နာနာနယ်ပါ။
- ပြီးလျှင် အရည်ညှစ်ထုတ်ပါ။
- ထို့နောက် ဆား၊ ဟင်းခတ်မူန့်များ ထည့်ပြီး ဆီရွှဲရွှဲဖြင့် စိမ်ထားပါ။
- တစ်ပွဲစာပြင်မည့် ပန်ကန်ထဲသို့ လက်ဖက်သားတစ်ပုံ၊ နှမ်း။ ကြက်သွန်ကြော်၊ မြေပဲ၊ ပဲခြမ်းကြော်များ တစ်ပုံစီထည်ပါ။
- ပုစွန်ခြောက်ကိုလည်း တစ်ပုံပုံပါ။
- ပြီးလျှင် ဧည့်သည်ဝိုင်းများသို့ အသင့်ချပေးနိုင်ပါသည်။
ဆေးဘဲဥသုပ်
ပါဝင်သောပစ္စည်းများ
ဆေးဘဲဥ = ၃လုံး
ခရမ်းချဉ်သီး = ၂လုံး
ကြက်သွန်နိ = ၂လုံး
နှမ်း = အထုပ်သေတစ်ထုပ်
ငံပြာရည် = အနည်းငယ်
ငရုတ်သီးစိမ်း = ခြောက်တောင့်
သံပရာသီး = တစ်ခြမ်း
ဆီ = နှစ်ကျပ်ခွဲသား
နံနံပင် = အစည်းသေးတစ်စည်း
ဟင်းခတ်မူန့် = အနည်းငယ်
ပြုလုပ်ပုံ -
- ဆေးဘဲဥကို အခွံနွှာ၍ ပါးပါးလှီးပါ။
- ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဟင်းခတ်မူန့်၊ ဆီနှင့် နှမ်းတို့ကို ရောထည့်သုပ်ပါ။
- ပြီးလျှင် သုံးဆောင်နိုင်ပါသည်။
ပဲကြီးလှော်သုပ်
ပါဝင်သောပစ္စည်းများ -
ပဲကြီးလှော် = ၁၀ကျပ်သား
ကြက်သွန်နိ = ၅လုံး
သံပရာသီး = ၁လုံး
ဟင်းခတ်မူန့် = အနည်းငယ်
ဆား = အနည်းငယ်
ဆီ = အနည်းငယ်
ပြုလုပ်ပုံ -
- ပဲကြီးလှော်များကို အ၀တ်သန့်သန့်ထဲထည့်၍ စည်းပြီး အပေါ်မှ လှိမ့်နှယ်ပေးပါ။
- အခွံများ ကျွတ်သွားပါလိမ့်မည်။ ထိုအခါ အခွံများ မူတ်ထုတ်၍ အသားများယူပါ။
- လှီးထားသော ကြက်သွန်နီ၊ ဟင်းခတ်မူန့်၊ ဆား၊ ဆီနှင့် သံပရာရည်ညှစ်၍ သုံးဆောင်ပါ။
- အစပ်စားလိုလျှင် ငရုတ်သီးစိမ်း လှီးထည့်ပါ။
ပဲခြမ်းကြော်သုပ်
ပါဝင်သောပစ္စည်းများ -
ပဲခြမ်းကြော် = ၁၀ကျပ်သား
ကြက်သွန်နီ = ၄လုံး
ဟင်းခတ်မူန့် = အနည်းငယ်
ဆား = အနည်းငယ်
ဆီ = အနည်းငယ်
သံပရာသီး = အနည်းငယ်
ပြုလုပ်ပုံ -
- ပဲခြမ်းကြော်ထဲသို့ လှီးထားသော ကြက်သွန်နီထည့်၊ ဟင်းခတ်မူန့်၊ ဆား၊ ဆီတို့ဖြင့် ရောနယ်၍ သုပ်ပါ။
- အချဉ်ကြိုက်လျှင် သံပရာသီးညှစ်ထည့်ပါ။
ခရမ်းချဉ်သီးသုပ်
ပါဝင်သောပစ္စည်းများ -
ခရမ်းချဉ်သီး (အစိမ်းပိုကောင်း) = ၅လုံး
ကြက်သွန်နီ = ၃လုံး
မြေပဲ = ၅ကျပ်သား
ဟင်းခတ်မူန့် = အနည်းငယ်
ဆား = အနည်းငယ်
နံနံပင် = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
ဆီ = အနည်းငယ်
ပြုလုပ်ပုံ -
- ခရမ်းချဉ်သီးကို အစေ့ထုတ်ပြီး လှီးထားပါ။
- ကြက်သွန်နိကို ပါးပါးလှီးထားပါ။
- မြေပဲကို မညက်တညက်ထောင်းထားပါ။
- နံနံပင်၊ ငရုတ်သီးစိမ်း လှီးထားပါ။
- ဆီချက် ချက်ထားပါ။
- ပြီးလျှင် အားလုံးရောပြီး ဆား၊ ဟင်းခတ်မူန့် ထည့်၍ သုပ်စားပါ။
ကျောက်ပွင့်သုပ်
ပါဝင်သောပစ္စည်းများ -
ကျောက်ပွင့် = ၂ပွင့်
ပုစွန်ခြောက် = ၂၀ကောင်
ပဲမူန့်အကျက် = အနည်းငယ်
ဆီ = ၅ကျပ်သား
ကြက်သွန်နီ = ၄လုံး
သံပရာသီး = တစ်ခြမ်း
ငံပြာရည် = အနည်းငယ်
နံနံပင် = အနည်းငယ်
ပြုလုပ်ပုံ -
- ကျောက်ပွင့်ကို ရေစိမ်ပြီး ရေစင်စင်ဆေးပါ။
- ကြက်သွန်နီပါးပါးလှီးထည့်ပါ။
- ပုစွန်ခြောက်မူန့်၊ ငံပြာရည်၊ ပဲမူန့်၊ နံနံပင်များထည့်၊ ဆီချက်ထည့်၍ သုပ်စားပါ။
- အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်းလှီး၍ ထည့်သုပ်ပါ။
- သံပရာသီး ညှစ်ထည့်ပါ။
ပဲစောင်းလျားသီးသုပ်
ပါဝင်သောပစ္စည်းများ -
ပဲစောင်းလျားသီးနုနု = ၁၀တောင့်
ကြက်သွန်နီ = ၃လုံး
ဟင်းခတ်မူန့် = အနည်းငယ်
ဆား = အနည်းငယ်
မြေပဲ = အနည်းငယ်
ဆီ = အနည်းငယ်
နံနံပင် = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
နှမ်းလှော် = အနည်းငယ်
ပြုလုပ်ပုံ -
- ပဲစောင်းလျားသီးများကို ရေနွေးဖြင့် ခဏပြုတ်ပါ။
- ပြီးလျှင် ရေအေးထဲသို့ မြန်မြန်ထည့်စိမ်လိုက်ပါ။
- သို့မှသာ ပဲသီးများသည် စိမ်းစိမ်းကြွပ်ကြွပ်လေး လှပါသည်။
- ပဲသီးများကို ကတ်ကြေးဖြင့် ညှပ်ပါ။
- ထိုထဲသို့ လှီးထားသော ကြက်သွန်နီများထည့်၊ ဟင်းခတ်မူန့်ထည့်၊ ထောင်းထားသော မြေပဲထည့်၊ ဆား၊ ဆီချက်၊ နံနံပင်၊ ငရုတ်သီးစိမ်းများထည့်၍ သုပ်စားပါ။
ခရမ်းသီးသုပ်
ပါဝင်သောပစ္စည်းများ -
ခရမ်းသီးနုနု = ၂လုံး
ကြက်သွန်နီ = ၄လုံး
ဟင်းခတ်မူန့် = အနည်းငယ်
ဆီ = အနည်းငယ်
နှမ်းလှော် = အနည်းငယ်
ဆား = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
ပြုလုပ်ပုံ -
- ခရမ်းသီးများကို သံဆန်ခါဖြင့် မီးဖုတ်ပါ။
- ပြီးလျှင် အခွံများ အသာအယာ ခွာထုတ်ပါ။ အထဲမှ အသားများကို ပန်ကန်ထဲထည့်ပါ။
- ထို့နောက် လှီးထားသော ကြက်သွန်နီ၊ ဟင်းခတ်မူန့်၊ ဆားနှင့် ဆီစိမ်းတို့ဖြင့် ရောနယ်၍ သုပ်စားပါ။
- အပေါ်မှ နျွှ်းလှော်ကလေး ဖြူးထည့်ပါ။
ကြောင်လျှာသီးသုပ်
ပါဝင်သောပစ္စည်းများ -
ကြောင်လျှာသီး မနုမရင့် = ၁တောင့်
သံပရာသီး = ၁လုံး
ကြက်သွန်နိ = ၄လုံး
ပုစွန်ခြောက်မူန် = အနည်းငယ်
မြေပဲလှော် = ၅ကျပ်သား
ငံပြာရည် (သို့) ဆား = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
ပြုလုပ်ပုံ -
- ကြောင်လျှာသီးကို ပါးပါးလှီး၊ ဆားဖြင့်နယ်ပြီး ရေစိမ်ပါ။ မာလာလျှင် ဆုပ်၍ အရည်ညှစ်ပေးပါ။ ပြီးလျှင် ရေတစ်ထပ် ထပ်ဆေးပါ။
- လှီးထားသော ကြက်သွန်နီ၊ ပုစွန်ခြောက်မူန့်၊ ဟင်းခတ်မူန့်၊ ငံပြာရည်၊ ဆီချက်တို့ဖြင့် ရောနယ်၍သုပ်ပါ။
- မြေပဲထောင်းအပေါ်မှ ဖြူးး၍ ထည့်စားပါ။
ဇရစ်ရိုးသုပ်
ပါဝင်သောပစ္စည်းများ -
ဇရစ်ရိုး = ၁၅ပင်ခန့်
ကြက်သွန်နီ = ၃လုံး
ပုစွန်ခြောက်မူန်က = အနည်းငယ်
ဆီ = အနည်းငယ်
မန်ကျည်းမှည့် = အနည်းငယ်
ဆား = အနည်းငယ်
ငံပြာရည် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ပြုလုပ်ပုံ -
- ဇရစ်ရိုးများကို ရေဆေးပြီး မန်ကျည်းမှည့် ထည့်၍ုပြုတ်ပါ။ နူးလောက်လျှင် ဆယ်ပြီး ပါးပါးလှီးထားပါ။
- လှီးထားသော ကြက်သွန်နီ၊ ပုစွန်ခြောက်မူန့်၊ ဆား၊ ဟင်းခတ်မူန့်တို့ဖြင့် ရောနယ်၍ သုပ်စားပါ။
ပဲတီချဉ်သုပ်
ပါဝင်သောပစ္စည်းများ -
ပဲတီချဉ် = ၂၀ကျပ်သား
ကြက်သွန်နီ = ၄လုံး
ကြက်သွန်ဖြူ = ၂လုံး
ဟင်းခတ်မူန့် = အနည်းငယ်
ငံပြာရည် = သင့်တော်ရုံ
မြေပဲကြော် (ထောင်းပြီး) = အထုပ်သေးတစ်ထုပ်
ငရုတ်သီးစိမ်း = ၇တောင့်
နှမ်း = အထုပ်သေး တစ်ထုပ်
ပြုလုပ်ပုံ -
- ပဲတီချဉ်ထဲသို့ ကြက်သွန်နီ သုံးလုံးကို ပါးပါးလှီးပြီး ရေစင်စင်ဆေး၍ ထည့်ပါ။
- ထို့နောက် ပဲတီချဉ်ထဲသို့ ဆီချက်၊ ဟင်းခတ်မူန့်၊ ငံပြာရည်၊ မြေပဲနှင့် နှမ်းတို့ကို ထည့်ပြီး ရောနယ်၍ သုပ်ပါ။
- ကြက်သွန်ကြော်ကို အပေါ်မှ ဖြူး၍ သုံးဆောင်ပါ။
- အစပ်ကြိုက်သူများ ငရုတ်သီးစိမ်းထည့်၍ စားနိုင်ပါသည်။
ကျနော်လည်း ရွာရောက်နေလို့ မတက်ဖြစ်ဘူး .. မရောက်တာကြာပြီ .. သီလရှင်လူထွက်ပြီး အသုပ်ရောင်းနေပြီ ထင်တယ်နော် :-)
ReplyDelete