Sunday, 26 December 2010

သရဏဂုံ ညစ်နွမ်းခြင်း


ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးများကို မသိခြင်း၊ ရတနာသုံးပါးအပေါ်၌ ယုံမှား သံသယဖြစ်ခြင်း၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို အလွဲလွဲအမှားမှား သိမြင်ထင်မှတ်ခြင်း၊ အမှားသိခြင်း သုံးမျိုးသည် သရဏဂုံ ညစ်နွမ်းစေတတ်သည့် အကြောင်းများ ဖြစ်သည်။

စေတီ ရုပ်ပွား ဘုရားကျောင်းကန်နှင့် စပ်၍သော်လည်းကောင်း၊ တရားစာအုပ်ကိုင်တွယ် ကြည့်ရူထားသိုမူ၊ တရားနာယူမူနှင့် စပ်၍သော်လည်းကောင်း၊ ရဟန်းသံဃာများနှင့် ဆက်ဆံရာ၌ သော်လည်းကောင်း၊ ရိုသေလေးမြတ်မူမရှိခြင်း၊ စေတီရုပ်ပွားအနီးအပါး၌ မရိုမသေနေထိုင်ခြင်း၊ ရိုင်းပြဆူညံစွာပြောဆိုခြင်း စသော မတန်မရာ ပြောဆိုပြုမူမူ အဂါရ၀မူအားလုံးသည် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မသိရာရောက်သဖြင့် သရဏဂုံ ညစ်နွမ်းကြောင်းများချည်း ဖြစ်သည်။

No comments:

Post a Comment