Friday, 10 December 2010

ဘုရားဖြစ်ရန် ကျင့်စဉ်များ

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ဘုရား၊ တရား၊ သံဃာ ရတနာ မြတ်သုံးပါးတို့အပေါ်၌ သံသယမ၀င်သော ယုံကြည်မူ (အဝေစ္စပသာဒ အစလသဒ္ဓါတရား) ဖြင့် မတုန်မလူပ် သက်ဝင်ယုံကြည် ကြသည်။ ရတနာသုံးပါး ဂုဏ်တော်တို့ကိုလည်း မိမိစွမ်းအားရှိသမျှ ကျက်မှတ် ရွတ်ဆိုကြသည်။ ရှိခိုးပူဇော်ကြသည်။ နှလုံးသွင်းပွားများကြသည်။ “အစိနေ ၱယ် - အစိေႏၱယ်၊ အပၸေမယ် - အပၸေမယ်၊ ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တ၊ ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ စကြ၀ဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံးတော်မူသော မြတ်စွာဘုရား” စသဖြင့် ဘုရားရှိခိုးကြသည်။

မိမိတို့ ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားရှင်၏ တွေးတော ကြံဆ၍မကုန် တိုင်းထွာ တွက်ချက်၍ မမီနိုင်လောက်အောင် ကြီးမား များပြား၍ ထူးခြားဆန်းကြယ် အံ့သြဖွယ်ကာင်းလှသော ဘုန်းတော် ကံတော် ဉာဏ်တော် တန်ခိုးတော် ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသည်ကိုလည်း ယုံကြည်မူ သက်သက်ဖြင့် လက်ခံကြသည်မဟုတ်၊ ခိုင်မာသော စာပေ အထောက်အထားကို ရှာရ၏။ စာပေ အထောက်အထားမျှနှင့်လည်း အားထားလောက်သည်မဟုတ်။ ထိုစာပေအရ စွမ်းအားရှိသမျှ လက်တွေ့ စမ်းသပ်ယူရသည်၊ ထိုအခါကျမှ အသိဉာဏ်ပါသော ယုံကြည်မူ ဖြစ်လာနိုင်၏။

ဘုရားရှင်၏ ကျေးဇူးတော် ဂုဏ်တော်များနှင့်စပ်၍ ကျမ်းဂန်တို့၌ “ဘုရားရှင်သည် အခြားသော တရားတော်များကို မဟောကြားဘဲ ဘုရားရှင်တစ်ဆူ၏ ကျေးဇူးတော် ဂုဏ်တော်တို့ကိုသာ ဟောကြားနေမည်ဆိုပါက သက်တမ်းတော်သာ ကုန်ဆုံးသွားမည်၊ ကျေးဇူးတော် ဂုဏ်တော်တို့ကား မကုန်ဆုံးနိုင်” ဟူ၍ပင် မိန့်ဆိုကြကုန်၏။

မြတ်စွာဘုရား၏ ဂုဏ်တော်တို့သည် အာရုံယူမြှော် ပူဇော်၍ မကုန်နိုင်အောင် အမှန်ပင်များပြားလှသည်။ ကျေးဇူးတော်တို့သည် ဆပ်၍ မကုန်နိုင်လောက်အောင် ကြီးမားများပြားလှသည်။ မြတ်စွာဘုရားသည် ထိုမျှ ဂုဏ်ကျေးဇူးကြီးမားလှသော ဘုရားရှင်အဖြစ်ကို လွယ်လင့်တကူ ရတော်မူလာသည် မဟုတ်၊ အခြားသူတစ်ဦးဦး၏ ကူညီပံ့ပိုးမူ၊ နောက်ပါ တပည့်ပရိသတ်တို့၏ တင်မြှောက်မူကြောင့် ဖြစ်လာသည် လည်းမဟုတ်၊ တစ်ခိုးရှင် တစ်ဦးဦး၏ ကိုယ်စားလှယ် ကိုယ်ပွားလည်းမဟုတ်။ ဘ၀များစွာ အနစ်နာခံလျက် ကိုယ်တိုင်အားထုတ်မူကြောင့် ဖြစ်လာရကြောင်း ခိုင်မာသော စာပေအထောက်အထားရှိ၏။

ဘုရားအလောင်းတော်သည် သုမေဓာရသေ့ဘ၀မှာပင် နိဗ္ဗာန်ထုတ်ချောက် ကူးမြောက်နိုင်သော စွမ်းပကားအပြည့်ရှိနေပါလျက် တစ်ကိုယ်တော်တည်း နိဗ္ဗာန်ချမ်းသာကို ရယူတော်မမူခဲ့၊ သံသရာ၌ နစ်မျောနေကြကုန်သော သတ္တ၀ါတို့အား ကယ်တင်ချေချွတ်ရန် ဘုရားဆုကို ပန်ဆင်တော်မူခဲ့သည်၊ သတ္တ၀ါတို့အား ကယ်မနိုင်မည့်အင်အားကို ရှာဖွေရန် စတင် ဆုံးဖြတ် လုပ်ဆောင်တော်မူခဲ့ခြင်း ဖြစ်၏။

ထို့နောက် ဒီပင်္ကရာမြတ်စွာဘုရား၏ ထံတော်မှောက်ဝယ် နိယကဗျာဒိတ် (မလွဲမသွေ ဘုရားဖြစ်မည်ဟု ကြိုတင်မိန့်ကြားချက်) ခံယူရရှိပြီးသည့် အချိန်မှစ၍ ဘုရားအလောင်းတော်သည် ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာဟူသော ပါရမီဆယ်ပါး အပြားသုံးဆယ် တို့ကိုလည်းကောင်း၊ စွန့်ခြင်းကြီးငါးပါး။ စရိယာသုံးပါး တို့ကိုလည်းကောင်း မနေမနား၊ ဘ၀မခြား အချိန်အားမရှိ စွမ်းအားအပြည့်ဖြင့် ဖြည့်ကျင့်ဆည်းပူး စုဆောင်းခဲ့ရသည်။

ဘုရားအလောင်းတော်၏ ပါရမီဖြည့်ကျင့်မူသည် လူသာမန်တို့အဖို့ ကြံစည်တွေတော ကြည့်ရုံမျှပင် ကြက်သီးထဖွယ် ကြောက်လန့်စဖွယ် ကောင်းလောက်အောင် ခဲယဉ်းလှ၏။ ပြင်းထန်လှ၏။ အဆင်းရဲ အပင်ပန်းခံရသော အလုပ်ကိစ္စကြီးများဖြစ်သည်။

ဤကဲ့သို့ သတ္တ၀ါများအတွက် အနစ်နာလည်းခံ စွန့်လွှတ်မူကိုလည်းပြု ကောင်းသောအမူမှန်သမျှကို ပြုလုပ်စုဆောင်းခဲ့သဖြင့် နောက်ဆုံး ပါရမီပြည့်ဝသော သိဒ္ဓတ္ထမင်းသားဘ၀ကား နောက်ဆုံးအကျိုးပေးရမည့် အချိန်ဖြစ်သည်။ ပြုပြုခဲ့သမျှ ကုသိုလ် ပုညတို့သည် သူ့ထက်ငါ အစွမ်းကုန် အကျိုးပေးရတော့သည်။ ဘ၀ပေါင်း မရေမတွက်နိုင်အောင် စုဆောင်းဖြည့်ကျင့်ခဲ့သော ပါရမီတော် ကံအစွမ်းတို့ကြောင့် ဖြစ်ပေါ်လာသမျှ အကျိုးတရားတို့သည်ကား ကြံတွေးမှန်းဆ တွက်၍ မရနိုင်လောက်အောင် ဘာမျှလိုလေသေးမရှိ အဘက်ဘက်က ပြည့်စုံလာတော့သည်။

မျိုးရိုးဇာတိ မြင့်မြတ်စင်ကြယ်၏၊ ဘ၀အဆင့်အတန်း မြင့်မား၏၊ တစ်လောကလုံးကို အုပ်ချုပ်၍ မင်းလုပ်လိုက လုပ်နိုင်သော စကြ၀တေးမင်း ဘုန်းကံရှိသူဖြစ်သည်။ ရူပကာယခေါ် ခန္ဓာကိုယ်အဆင်းတော်နှင့် စပ်၍လည်း ဆိုဖွယ်မရှိ၊ ထူးခြားလှသော လက္ခဏာကြီးငယ် အသွယ်သွယ် တို့ကား အံ့ဖွယ်အတိ ဖြစ်သည်။

တောထွက်၍ တရားကျင့်သောအခါ၌လည်း အထူးမြတ်ဆုံးဖြစ်သော သဗ္ဗညှတဉာဏ်တော်အပါအ၀င် ဉာဏ်တော်များကို ရရှိတော်မူခဲ့သည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ အတုလံ - အတု အတူမရှိသည့် ဘုန်းတော်အနန္တပိုင်ရှင် တန်ခိုးတော်အနန္တသခင် ဖြစ်တော်မူလာရသည်။

ဤကဲ့သို့ ဘုန်းတော်အနန္တ ဉာဏ်တော်အနန္တ တန်ခိုးတော်အနန္တတို့ကို ရရှိတော်မူလာသည်မှာ တစ်စုံတစ်ဦးသော တန်ခိုးရှင် ဖန်ဆင်းရှင်ကြောင့် ဖြစ်ပေါ်လာသည်မဟုတ်၊ နောက်လိုက် နောက်ပါတို့က တင်မြှောက်၍ ဘုရားဖြစ်လာရသည်လည်းမဟုတ်၊ တမင်ချဲ့ကားပြီး ဂုဏ်မြောက်အောင် ရေးသားထားခြင်းလည်းမဟုတ်၊ ကြောင်းကျိုးဆက်စပ်မူ ဆီလျော်မူမရှိဘဲ တန်ခိုးတော် အနန္တတို့ကို အလိုလို ပိုင်ဆိုင်လာခြင်းမှာ မည်သို့မျှ မဖြစ်နိုင်ချေ။

အမှန်စင်စစ်မှာမူ ဘ၀ပေါင်းများစွာ ကမ္ဘာပေါင်းများစွာ အများသတ္တ၀ါတို့အတွက် အနစ်နာခံကာ ပါရမီတော်များကို ဖြည့်ကျင့်မူဟူသောအကြောင်း ကံတော်အနန္တတို့ကြောင့် ဘုန်းတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တဟူသော အနန္တ အကျိုးတရားများကို ရရှိတော်မူခြင်းဖြစ်သည်။

သတ္တ၀ါအများ ကောင်းစားချမ်းသာရေးအတွက် ဘ၀ပေါင်းများစွာ အနစ်နာခံ၍ ကောင်းသော ကံအကြောင်းတရားများကို များစွာပြုလုပ် ဆည်းပူးထားခြင်းကိုပင် “ဘုန်းကံကြီးမားသူ - ဘဂ၀ါဂုဏ်တော်ရှင်” ဟု ဆိုရ၏။ ပြုလုပ်ခဲ့သောအလုပ် အကြောင်းကံများလေ ရရှိသောအကျိုးရလဒ် ကြီးမားလေဖြစ်သည်မှာ အနည်းငယ်မျှ သံသယဖြစ်ဖွယ်မရှိ၊ သဘောတရားတို့၏ နိယာမပင်တည်း။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment